မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဒီကေဘီအေ ဘုရားသုံးဆူရှိ အစိုးရရုံးများကို ထိန်းထားပြီ

ဒီကေဘီအေ ဘုရားသုံးဆူရှိ အစိုးရရုံးများကို ထိန်းထားပြီ

ရေးသားသူ:

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ဘုရားသုံးဆူမြို့ ရပ်ကွက် (၄) တွင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆေးရုံ၊ အက်စ်ပီရုံးနှင့် သစ်တောရုံးကို ဒီကေဘီအေမှ ထိန်းထားသည်ဟု မြို့ခံများက ပြောသည်။

တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်မှ နှစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ မိနစ် (၂၀) ခန့် ကြာပြီး လက်နက်ကြီး အချက် (၂၀) ခန့်နှင့် လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ခတ်ကြသည်ဟုလည်း အခြားမြို့ခံတစ်ဦးက ပြောသည်။

၄င်းတိုက်ပွဲကြောင့် အက်စ်ပီရုံးနှင့် သစ်တောရုံးကြားရှိ ဓါတ်ဆီဆိုင်၊ ပြန်ကြားရေးရုံး နှင့် သစ်ထုတ်ရုံးများ မီးလောင်လျက် ရှိသည်။

တိုင်တစ်ရာကျောင်းတွင် ကျင်းပသည့် ကထိန်ပွဲမှ လူများလည်း လက်နက်ပစ်ခတ်သံကြောင့် ပြေးလွားနေကြသည် ဟု မြို့ခံတို့က ပြောသည်။

ဒေသခံ ပြည်သူများမှာလည်း မိမိရပ်ကွက်မှ အခြားရပ်ကွက်သို့ သွားခြင်းကို မြန်မာစစ်တပ်မှ တားမြစ်ခဲ့ပြီး လမ်းသွားသူများကိုလည်း ပစ်မိန့် ထုတ်ထားသဖြင့် မည်သူ့မှ လမ်းမထွက်ရဲကြကြောင်း မြို့ခံများက ပြောသည်။

မြို့ပြင်တွင် ကေအန်ယူတပ်များက မြို့တွင်းအခြေအနေကို စောင့်ကြည့်နေပြီး မြို့တွင်းသို့ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်ရှိ မြို့နယ်အားလုံး မွေးမြူးရေးဇုန်ထူထောင်ပေးနိုင်ရန် မြေနေရာရှာဖွေလျက်ရှိ

မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးတွင် မွေးမြူရေးဇုန် ထူထောင်ပေးနိုင်ရန်အတွက် အစိုးရအဖွဲ့မှ မြေနေရာများ ရှာဖွေလျက်ရှိကြောင်း စက်တင်ဘာ (၂၀) ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးနောက်ဆုံးနေ့တွင် ကိုယ်စားလှယ်၏ …

%d bloggers like this: