spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပါတီကိုယ်စားလှယ်လောင်းများ မွန်ဝတ်စုံမဝတ်ရန် တားဆီး

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပါတီကိုယ်စားလှယ်လောင်းများ မွန်ဝတ်စုံမဝတ်ရန် တားဆီး

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တည်ထောင်လိုသူများ
    ကျလွန်းထော၊ မင်းအာသံ– ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း များအား ရွေးကောက်ပွဲနေ့မှာ မွန်ဝတ်စုံမဝတ်ဆင်ဖို့ တားဆီးထားသည်။

    “ရွေးကောက်ပွဲကော်မရှင်နဲ့ ယမန်နေ့က တွေ့ဆုံရာမှာ ရွေးကောက်ပွဲမှာ ကြီးကြပ်ဖို့ ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်လူမျိုးဝတ်စုံ မဝတ်ဖို့ တားဆီးထားတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောတယ်။ သို့သော် “အသေးစား ရင်ထိုးတော့ ရတယ်”ဟု သူက ပြောသည်။

    ရေးမြို့နယ် ဟံဂံကျေးရွာခံ အမျိုးသမီးတစ်ဦး၏ အဆိုရ မဲရုံအတွင်းရှိ ဝန်ထမ်းများက မဲထည့်မည့်သူများနှင့် မရောနှောစေချင်သောကြောင့် ဝန်ထမ်းများ မွန်ဝတ်စုံမဝတ်ဆင်ရန် နိုဝင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ (၁) နိုင်လဝီအောင် (ဗိုလ်မှူးမြင့်ဆွေ) က အစည်းအဝေးခေါ်ယူ ပြောကြားထားသည်ဟု ပြောသည်။

    “ရွေးကောက်ပွဲနေ့မှာ မဲသွားထည့်မယ့်သူတွေက မွန်ဝတ်စုံဝတ်လို့ရတယ်၊ မဲရုံက ဝန်ထမ်းတွေသာ ဝတ်လို့မရသာ” ဟု သူမက ပြောသည်။

    သို့သော်လည်း ရေးမြို့နယ်ဘက်တွင် ဒေသခံများအား ရွေးကောက်ပွဲကာလအတွင်း မွန်ဝတ်စုံ မဝတ်ရန် မြို့နယ် မယက ဥက္ကဌက ကျေးရွာ ရယက ဥက္ကဋ္ဌများအား ညွန်ကြားထားသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ ကျေးရွာဥက္ကဌတိုင်း မွန်ဝတ်စုံ မဝတ်ဆင်ကြဖို့ ကြီးကြပ်ရန် မယကဥက္ကဌက လိုက်လံ ညွှန်ကြားထားသည်ဟု ရေးမြို့နယ်မှ ကျေးရွာဥက္ကဋ္ဌတစ်ဦးက ပြောသည်။

    “အာဏာပိုင်တွေက မွန်လုံချည်နဲ့ မွန်ထမိန် ဝတ်စုံ ဝတ်တဲ့သူ ကြည့်ခိုင်းတယ်၊ တကယ်လို့ မွန်ဝတ်စုံကို ဝတ်မယ်ဆိုရင် မွန်ပါတီကို အားပေးထောက်ခံရာ ရောက်လိုမျိုး သူတို့လိုက် ထင်တယ်လေ၊ အမှန်ဆိုရင် ရွေးကောက်ပွဲနှင့် မွန်ဝတ်စုံ ဘာမှမဆိုင်ပါဘူး” ဟု ၄င်းက ပြောသည်။

    ရေးမြို့နယ် ဒူရားကျေးရွာရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ရွေးကောက်ပွဲကာလအတွင်း မွန်ဝတ်စုံမဝတ်ဆင်ရန် မယက ဥက္ကဌက ညွန်းကြားထားကြောင်း ၄င်းကပြောသည်။ သို့သော် ရွာသားများအား ထပ်ဆင့်မပြောကြားရသေးကြောင်း သူက ဆက်ပြောသည်။

    ယင်းညွန်ကြားချက်ကို တချို့သောဒေသခံများက ကြောက်ရွ့ံခြင်းရှိသလို မကြောက်သူများလည်း ရှိသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    “တချို့သောသူတွေက ကြောက်ကျတယ်လေ၊ ဒါပေမယ့် ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မွန်စုံကိုတော့ ဝတ်မယ်ဗျာ၊ မကြောက်ဘူး”ဟု ၄င်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts