spot_img
Thursday, March 28, 2024
More
    spot_img
    Homeဆောင်းပါးပျောက်ဆုံးသွားရမယ့် ဆန္ဒများ

    ပျောက်ဆုံးသွားရမယ့် ဆန္ဒများ

    -

    မရော့နန္ဒာ – ပြည်ပ ထိုင်းနိုင်ငံတွင် မွန်အလုပ်သမားအများဆုံး အလုပ်လုပ်နေကြတဲ့ မဟာချိုင်မြို့နယ်အတွင်း စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် “၃၅” ဝန်းကျင်ရှိ မွန်အလုပ်သမား နိုင်ဖိုင်က မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ စားဝတ်နေရေးအတွက် အလုပ်ခွင်မှာ အချိန်ကုန်သွားခဲ့ရပါတယ်၊ ဒါတောင်မကဘူး တချို့ရက်တွေမှာ အပိုဝင်ငွေရဖို့အတွက် ညပိုင်းအချိန်မှာတောင် အလုပ်ဆက်လုပ်နေရပါသေးတယ်။

    ဒီလိုမျိုး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ မွန်အလုပ်သမားတွေက မဲထည့်ဖို့ နေနေသာသာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အလုပ်သမားများအတွက် မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပမည့်ရွေးကောက်ပွဲဟာ သူတို့ အတွက်တော့ “ထမင်းစားဖို့ ရေသောက်ဖို့လောက် အရေးမကြီးပါဘူး” လို့ နိုင်ဖိုင်က ပြောပါတယ်။

    အဝေးရောက် မွန်လူမျိုးတွေရဲ့ လေးသိန်းကျော်လောက်က ယခုနှစ်အတွင်းမှာ စစ်အစိုးရတို့မှ ကျင်းပပြုလုပ်ပေးမည့် ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် မဲထည့်ပိုင်ခွင့်ရှိခဲ့ရင်တောင် မဲထည့်ဖို့အတွက် အခက်အခဲတွေရှိနေကြပါတယ်။

    အဝေးရောက် မွန်လူမျိုးတို့၏ အရေအတွက် စာရင်းအတိအကျကို မဖော်ထုတ်နိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် ပြည်ပရောက် တရားဝင်နှင့် တရားမဝင် မွန်လူမျိုးများ အသက် ၁၈ နှစ်အထက်မှာ ၄ သိန်းကျော်ရှိပါတယ်လို့ မွန်အလုပ်သမားကူညီရေးအဖွဲ့က ခန့်မှန်းပါတယ်။

    အလုပ်သမားတွေဟာ “ဝမ်းစာအတွက်ပဲ ရုန်းကန်နေကြရတာ ရွေးကောက်ပွဲဆိုတာလည်း စိတ်မဝင်စား မဲထည့်ဖို့ဆိုတာလည်းမသိဘူး” လို့ မလေးရှားမှာ ရောက်ရှိနေတဲ့ အသက် “၄၀” ရှိ မွန်အလုပ်သမား နိုင်ဝိုင်မွန်က ပြောပါတယ်။

    စစ်အစိုးရမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ ကျင်းပပေးမယ်ဆိုရင် ကျနော်ဆိုရင် ဗမာပြည်နဲ့ ဘယ်လောက်ပဲဝေးဝေး “မရ ရတဲ့နည်းနဲ့” မဲထည့်မှာပဲ ပြန်ရမှာပဲဖြစ်ဖြစ် အဝေးကနေ ထည့်လို့ရရင် ထည့်ရတာပဲဖြစ်ဖြစ် “မဲထည့်မှာပဲ” ဆိုပြီး ယခုရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပြီး မြန်မာတပြည်သားလုံးအတွက် အကျိုးမရှိတဲ့ရွေးကောက်ဖြစ်တယ်ဆိုပြီး မဲကို “လုံးဝ” ထည့်မည်မဟုတ်ကြောင်းကိုလည်း နိုင်ဝိုင်မွန်က ပြောပါတယ်။

    ပြည်ပမှာရောက်နေတဲ့ မွန်လူမျိုးတွေဟာ အလုပ်လုပ်ဖို့အတွက် အိုးအိမ်စွန့်ပြီး ထွက်လာတဲ့သူတွေရှိသလို တချို့က မြန်မာစစ်အစိုးရရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ရုန်းထွက်ပြီး ပြည်ပမှာ ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတွေလည်း အများအပြားရှိနေကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် မွန်ရွေ့ပြောင်းအလုပ်သမား အများဆုံး ရှိနေပါတယ်။

    ထိုင်းနိုင်ငံရှိ မြို့နယ်တိုင်းတွင် အလုပ်လုပ်နေကြသည့် မွန်အလုပ်သမားအများစုမှာ တရားမဝင်အလုပ်သမား အများစုဖြစ်ပြီး မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်နေထိုင်သူနဲ့ ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ သဘောတူပြီး ရွေ့ပြောင်းအလုပ်သမားများအတွက် ပြုလုပ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် နေထိုင်သူတွေက အနည်းအကျဉ်းသားရှိကြသည်။ ထိုအလုပ်သမားများလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိကြောင်း အတိအလင်းပြောလာကြပါသည်။

    ပြည်ပရောက် အလုပ်သမားများ အကယ်၍သာ မြန်မာပြည်ကို ပြန်မည်ဆိုပါက အခက်အခဲအမျိုးမျိုးရှိကြပါတယ်၊ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်က ပြန်ရန် လွယ်ကူမည်ဆိုသော်လည်း လမ်းစရိတ်၊ လမ်းခရီးမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်၊ ကံမကောင်းပါက လမ်းမှာ အဖမ်းခံရတာတွေနဲ့လည်း ကြုံတွေ့ကြရပါတယ်၊ တချို့ဆိုရင်လည်း အသက်အန္တရာယ်တွေနှင့်လည်း ကြုံတွေ့ရတက်ပါတယ်။ ထိုနည်းတူပဲ မလေးရှားလို တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ လူတွေအတွက် ဒီ့ထက် အဆပေါင်းများစွာ အခက်အခဲ့နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

    ပတ်စပို့စ်လက်ဝယ်ရှိသည့် အလုပ်သမားတွေအတွက်ကတော့ အခက်အခဲမရှိလှပေမယ့် ဘာမှမရှိတဲ့ အလုပ်သမားတွေအတွက်ကတော့ အခက်အခဲရှိကြကြောင်း အလုပ်ရုံမှာတင် တရားမဝင်အလုပ်သမား တွေ အနေနဲ့ “ပြန်ပြီး မဲထည့်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဆိုပြီး  အလုပ်သမားတွေ ပြောနေကြပါတယ်။

    ရွေးကောက်ပွဲ မဲထည့်ဖို့အတွက်ကြောင့်နဲ့တော့ မြန်မာပြည် ပြန်မယ့်လူတော့ မရှိသလောက်ပါပဲ၊ အကြောင်းကတော့ သူတို့တတွေအတွက် ဒီရွေးကောက်ပွဲဟာ ဘာမှ ထူးခြားမှုမရှိဘူးလို့ ယူဆပြီး “မဲထည့်ရမှာကိုလည်း စိတ်မဝင်စားဘူး” အများစုမှာ “ဒီရွေးကောက်ပွဲကို လုံးဝကိုသဘောမကျ” ဘူးလို့ အလုပ်သမားတွေ ပြောနေကြတယ်။

    နိုင်ဖိုင်ကတော့ “မဲပြန်ထည့်ဖို့ကို လုံးဝကို စိတ်မဝင်စားတာ” ရွေးကောက်ပွဲပြီးသွားတာတောင် သူတို့ အလုပ်သမားတွေအတွက် ဘာအကျိုးကိုမှ မျှော်ကိုးစရာမရှိဘူးလို့ ပြောပါတယ်။

    ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ အလုပ်သမားတွေးအကြားမှာ စည်းရုံးရေးတော့ ဆင်းနေပေမဲ့ အလုပ်သမားတွေက စိတ်မ၀င်စားနိုင်ပဲ “ဝမ်းစာအတွက် ရုန်းကုန်နေကြရတယ်လေ” ဆိုပြီးတော့ နိုင်ဖိုင်က ပြောသည်။

    မွန်ပြည်နယ်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် စည်းရုံးရေးဆင်သည့်အချိန်တွင် မွန်အလုပ်သမားများအား အကယ်၍ မဲထည့်ခဲ့သည့်ဖြစ်သော် မွန်အဖွဲ့အစည်းအား မဲ့ထည့်ရန်နှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းများလည်း ရှင်းပြသွားလေသည်။

    မလေးရှားမှ မွန်အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့မှ နိုင်စဟိုင်းမွန်က “အဝေးရောက်မွန်တွေအားလုံးက ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြတယ်၊ မွန်တွေသာမကဘူး ဗမာပြည်သားတွေ အားလုံးက ဆန့်ကျင်နေကြတယ်၊ ဘာလို့လဲဆိုတော့ ယခု စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်မဟုတ်ဘူးဆိုတာ အကုန်သိနေကြတယ်၊ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးတော့ ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဘယ်လိုမှ တရားမျှတပြီး မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ ရွေးကောက်ပွဲတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။” လို့ ပြောပါတယ်။

    “အဝေးရောက် မွန်တွေ၊ ဘယ်နိုင်ငံမှာမဆို အဖွဲ့အစည်းတွေရှိကြတယ် အလုပ်သမားတွေမှာတောင် မွန်အလုပ်သမားအဖွဲ့အစည်းတွေရှိတယ် အဲဒီတော့ အဖွဲ့က ရွေးကောက်ပွဲကို ဆန့်ကျင်လာတော့ အဖွဲ့ဝင်အားလုံးကလည်း အလိုလို ရွေးကောက်ပွဲကို ဆန့်ကျင်ကြတယ်၊ မဲထည့်ဖို့အတွက် ဗမာပြည်ပြန်ရမယ်ဆိုတာ မရှိသလောက်ပါ” ဆိုတာကို နိုင်စဟိုင်းမွန်က ပြောပါတယ်။

    “ကျနော်တို့ မွန်လူမျိုးတွေ ရွေးကောက်ပွဲအကြောင်းကို မသိထားလို့မရဘူး သိထားသင့်တယ်၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ရှိနေပါပြီး၊ အရင်က လမ်းဟောင်းအတိုင်နဲ့ သွားနေလို့ မလုံလောက်တော့ဘူး၊ ကိုယ့်ဘဝ လွတ်မြောက်ဖို့၊ အများတွေနဲအခွင့်အရေးတန်တူရရှိဖို့၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့၊ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ဘယ်သူမဆို ပါဝင်လုပ်ဆောင်သင့်တယ်၊ အနည်းဆုံး ကိုယ်က ဝင်အရွေးမခံတာတောင် ကိုယ်က ဘယ်သူ့ကို သဘောကျတယ် ဘယ်ဥပဒေကိုသဘောကျတယ်ဆိုတာကိုတော့ သိထားသင့်တယ်၊ ကိုယ့်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် ဒါကိုလေ့လာထားသင့်ပါတယ်” ဆိုတာကို ပြည်ပရောက် နိုင်ငံရေးလေ့လာသူ နာဲစွန်းထွန်း သုံးသပ်ပါတယ်။

    ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူး၊ တခြားနိုင်ငံက ရွေးကောက်ပွဲတွေနဲ့တော့ တူညီမှာမဟုတ်ဘူး၊ ဘာလို့လည်းဆိုတော့ “ဒီရွေးကောက်ပွဲက အာဏာရှင်စနစ်လိုဖြစ်နေတယ်” လို့လည်း သူက သုံးသပ်ပါတယ်။

    ပြည်ပမှာ ရောက်နေတဲ့ မွန်တွေ ဆန့်ကျင်ရေးတွေ၊ ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်ပြီး တော်လှန်လာတာလည်း အချိန်က ၁၀ နှစ်တောင်ကျော်လာပြီးလို့ သူက ပြောပါတယ်။ ဒါကြောင့် အပြင်ဘက်ရောက်နေတဲ့လူတွေ အထဲကလူတွေ လှုပ်ရှားနေတာကို ပြန်ကြည့်သင့်တယ် ဘာလို့လဲဆိုတော့ အထဲက လူတွေ ပါတီတွေက  စစ်အစိုးရနဲ့ အနီးကပ်ရှိနေတဲ့လူတွေလေ “အထဲက အခြေအနေတွေကို သူတို့တွေက ပိုသိနိုင်ပါတယ်”။

    လက်ရှိအခြေအနေအချိန်မှာ ဘယ်ပါတီက ကောင်းသည် ဘယ်ပါတီက မကောင်းဘူးလို့ မပြောသင့်သေးပဲ စောင့်ကြည့်လေ့လာဖို့ အချိန်ယူသင့်ပါတယ်၊ မွန်လူမျိုးတွေအတွက် မွန်ပါတီက ကောင်း မကောင်းဘူးလို့ ပြောရင် အချိန်စောပါသေးတယ်၊ သူတို့တွေအပေါ် အချိန်ယူပြီးတော့မှ ဝေဖန်ရင်ကောင်းမယ်လို့တော့ သူ့အနေနဲ့ မြင်ပါတယ်။

    ယခုနှစ်ကုန်ပိုင်းလောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး စစ်အစိုးရတို့မှ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ဒီရွေးကောက်အပေါ်မှာ အဝေးမှာ ရောက်ရှိနေတဲ့ မွန်လူမျိုးအများစုတွေက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသလောက်နည်းပါးနေပါတယ်၊

    တချို့ စိတ်ဝင်စားမှုရှိသူတွေအတွက် မဲထည့်ဖို့ဆိုတာလည်း အခက်အခဲအမျိုးမျိုးကြားမှာ ဘယ်လိုမှ မဲထည့်နိုင်မှာ မဟုတ်တဲ့ အတွက် မဲဆန္ဒရှင် လေးသိန်းရဲ့ မဲတွေကတော့ ရွေးကောက်ပွဲမှာ ပါ၀င်နိုင်ကြမှာ မဟုတ်ပါဘူး။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts