spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ် စီးပွါးရေး နှင့် နိုင်ငံရေး ဆွေးနွေးဖွယ်ရှိ

    ထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ် စီးပွါးရေး နှင့် နိုင်ငံရေး ဆွေးနွေးဖွယ်ရှိ

    -

    ကျလွန်းထော – ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝါ့၏ မြန်မာနိုင်ငံသို့ ယနေ့ တစ်နေ့တာ ခရီးစဉ်အတွင်း စီးပွားရေးအပြင် နိုင်ငံရေးလည်း အလေးထား ဆွေးနွေးလိမ့်မည်ဟု လေ့လာသူများက ဆိုသည်။

    ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုများ ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲမှုမရှိ ဆက်လက် ကုန်သွယ်သွားနိုင်ရန်နှင့် လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးရန် ယခုကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်းသည်ဟု မွန်အမျိုးသားရေးရာ အဖွဲ့ချုပ် (MAU) မှ အထွေထွေ အတွင်းရေးမှူး နိုင်လရီရွတ်က ပြောသည်။

    “စီးပွားရေးအကြောင်း ဆွေးနွေးပြီးရင် နိုင်ငံရေးအကြောင်းတွေလည်း ဆွေးနွေးဖို့ရှိတယ်၊ ရွေးကောက်ပွဲပြီးလို့ နှစ်နိုင်ငံ စီးပွားရေး ပျက်ပြယ်သွားမှာကို ထိုင်းအစိုးရက စိုးရိမ်နေတယ်၊  ထိုင်းနိုင်ငံမှာ သတင်းထွက်နေတာက စီးပွားရေးနဲ့ အလုပ်သမားရေးအတွက် ဆွေးနွေးလိမ့်မယ်ပေါ့” ဟု နိုင်လရီရွတ်က ပြောသည်။

    အိမ်နီးချင်းနိုင်ငံ၏ စီးပွားရေး ကုန်သွယ်မှုများ ဖြစ်ထွန်းလာစေရန်နှင့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြသရန် သွားခြင်း ဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးများကောင်စီ၏ အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောက သုံးသပ်ထားသည်။

    “အိမ်နီးချင်းနိုင်ငံတွေကို နအဖ စစ်ဗိုလ်ချုပ်တွေက ကိုယ်တိုင်သွားရောက်ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ သွားရောက်ဆွေးနွေးခဲ့တယ်၊ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်ကြတော့ မြန်မာနိုင်ငံကို လာပြီး ဆွေးနွေးတယ်ဆိုတာ စစ်အစိုးရက သူတို့ကို ခစားစေချင်လို့ပဲ ဖြစ်မယ်” ဟု စောဒေးဗစ်ထောက ပြောသည်။

    ထိုင်းဝန်ကြီးချုပ်၏ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားသော ခရီးစဉ်တွင် နယ်စပ်ဂိတ်ပြဿနာ၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အလုပ်သမားအရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးများ ပါဝင်မည်ဟု ထိုင်းအစိုးရ ရုပ်မြင်သံကြားတွင် ဝန်ကြီးချုပ်အဖိဆစ်က ပြောကြားခဲ့သည်။

    အဖိဆစ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖြစ် စတင်တာဝန်ယူသည့် အချိန်မှ စ၍ မြန်မာနိုင်ငံသို့ သွားရန် သုံးကြိမ်တိုင် စီစဉ်ခဲ့သော်လည်း ယခုမှသာ ခရီးစဉ် ဖြစ်မြောက်ခဲ့သည်။

    ထိုင်းဝန်ကြီးချုပ် နှင့် ထိုင်းကြည်းတပ် ဦးစီးချုပ် အပါအဝင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အရာရှိများက ယနေ့နံနက် (၉) နာရီတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိမည် ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဝန်ကြီးချုပ်သိန်းစိန်တို့အား သွားရောက်ဂါရဝ ပြုမည် ဖြစ်ကြောင်း၊ ဆင်ဖြူတော်အပြင် ရွှေတိဂုံဘုရားသို့လည်း ဖူးမျှော်ပြီးနောက် ည (၈) နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts