spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမဲရုံ သတ်မှတ် လူဦးရေထက် ၅ ဆ ပိုများသဖြင့် မဲပေးချိန် မလုံလောက်နိုင်

    မဲရုံ သတ်မှတ် လူဦးရေထက် ၅ ဆ ပိုများသဖြင့် မဲပေးချိန် မလုံလောက်နိုင်

    -

    ဟောင်းဒိန်– မဲရုံတွင် မဲထည့်ရမည့် လူဦးရေ အရေအတွက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် အရေအတွက်ထက် ၅ ဆ ကျော် ပိုများနေသည့်အတွက် မဲပေးချိန် မလုံလောက်နိုင်ဟု မုဒုံမြို့နယ်အတွင်းရှိ မဲရုံကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ၄င်းက “မဲရုံတစ်ရုံမှာ မဲပေးရမယ့် လူဦးရေက ၃၀၀ ပဲ သတ်မှတ်ထားတယ်၊ ဒါပေမယ့် အခုက တစ်ချို့ရုံဆို တစ်ရုံ ၁၈၀၀ ယောက်၊ ၂၀၀၀ ယောက် ကျော်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ကျေးရွာအုပ်စု မဲရုံတွင် ၁၈၀၀ ဦး၊ ကျိုက်ရွဲကျေးရွာတွင် ၂၅၁၅ ဦး၊ ကော့ပီထောကျေးရွာတွင် ၂၂၀၀ ဦး ရှိသည်ဟု တနင်္လာနေ့တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမျိုးသားလွှတ်တော် နည်းဥပဒေ ပုဒ်မ ၇၅ တွင် မဲရုံတစ်ရုံ၌ မဲဆန္ဒထည့်သူ ၃၀၀ ထက်ပိုလျှင် နောက်ထပ် မဲရုံစောင့် တစ်ဦး၊ မဲရုံမှူးတစ်ဦး ထားရှိရမည်ဟု ပါရှိသည်။

    “မဲပေးတဲ့လူတစ်ယောက်က ၄ မျိုးလောက် မဲထည့်ရယ် ဆိုတော့ အခုကြေညာထားတဲ့အတိုင်းဆိုရင် မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ ဒီလူတွေအားလုံး မဲပေးဖို့ အချိန်မလောက်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။

    မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က မဲရုံအတွက်ပေးသည့် စရိတ်များကို မျှဝေသုံးစွဲရသည့်အတွက် မဲပေးရုံများအတွက် လိုအပ်သော စာနှင့် စာရေးပစ္စည်းကိရိယာများကိုသာ ဝယ်ယူနိုင်ကြောင်း၊ မဲရုံသီးသန့် ဖွင့်လှစ်ခြင်းများ စသည်တို့ကို မလုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့ မလုပ်နိုင်သည့်အတွက် အချို့မှာ ရယကရုံး၊ အချို့မှာ အခြေခံပညာ မူလတန်းကျောင်းများကို မဲရုံအဖြစ် အသုံးပြုကြရကြောင်း အခြားမဲရုံ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ၄င်းက “ရွေးကောက်ပွဲစရိတ်အတွက် တစ်မြို့နယ်ကို သိန်း ၂၀ ပေးရင် မြို့နယ်တစ်ခုလုံးမှာ ရှိတဲ့ မဲရုံတွေတိုင်းကို မျှပေးရတဲ့အတွက် တစ်ရုံကို နှစ်သောင်း သုံးသောင်းလောက်ပဲ ရတယ်” ဟု ပြောသည်။

    မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ကျနော်တို့ သတိထားရမယ်။ ကျန်ရှိနေသေးတဲ့ မဲမထည့်ရသေးတဲ့ လူတွေ မဲမထည့်ဘဲနဲ့ မပြန်ကြဖို့၊ မဲထည့်ဖြစ်အောင် ထည့်ကြဖို့ ကျနော်တို့ ဆော်သြရမယ်” ဟု ပြောသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မဲရုံခင်းကျင်းထားမှု၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ လျှို့ဝှက်ဆန္ဒပြုသည့် နေရာများနှင့် ဆန္ဒမဲနေရာများ သတ်မှတ်ခြင်း၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် အဖွဲ့ဝင်များ ရွေးကောက်ပွဲ လုပ်ငန်းကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ရုံးခန်းမ၌ ရှင်းလင်းပြောကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ဥပဒေအမှတ် ၅/ ၂၀၁၀ တွင် ဥပဒေပုဒ်မ ၄၂ ပုဒ်ခွဲ (ခ) အရ မဲရုံကို ညနေ ၄ နာရီတိတိ အချိန်တွင် ပိတ်သည့်အခါ မဲရုံမပိတ်မီ ထိုမဲရုံ ပရိဝုဏ်အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများ ရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts