spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးမွန်ပါတီနဲ့ ရွေးကောက်ပွဲခရီး

    မွန်ပါတီနဲ့ ရွေးကောက်ပွဲခရီး

    -

    မွန်အသံ – “ပါတီရဲ့ ယုံကြည်ချက်ကတော့ မဲအရေအတွက် များများရခဲ့ရင် ၂၀၀၈ ဥပဒေမူကြမ်းကို ပြင်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ မွန်တတ်သိပညာရှင်များ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်အချို့၊ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ခွင့်ပြုချက်ကို ရရှိသည်။

    မွန်တိုင်းရင်းသားပြည်သူတို့သည် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး အဆုံးအဖြတ်ပေးဖို့ ၂၀၀၉ ခုနှစ် ဇွန်လ (၂၉) ရက်မှာ (၁၅) ဦးကော်မတီကို မော်လမြိုင်မြို့၌ စတင်ဖွဲ့စည်းလိုက်ပြီး ၂၀၁၀ မတ်လ (၃၁) ရက်မှာ မော်လမြိုင်မြို့တွင် တဖန်ပြန်ပြီး အစည်းအဝေးကျင်းပခဲ့ရာ အဆိုပါ (၁၅) ဦး ကော်မတီထဲမှ နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အမ်အန်ဒီအက်ဖ်) ဥက္ကဋ္ဌ နိုင်ထွန်းသိမ်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်) တို့လည်း တက်ရောက်ခဲ့ကြသည်။

    အဆိုပါ ၁၅ ဦး ကော်မတီ ဖွဲ့စည်းရာမှာ မွန်ပြည်သစ်ပါတီမှ အနားယူထားသော နိုင်တင်အောင် (ဗဟိုအလုပ်မှုဆောင်ဟောင်း)၊ နိုင်မြင့်ဆွေ (ဗဟိုကော်မတီဝင်ဟောင်း)၊ ဒေါက်တာ ဗညားအောင်မိုး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြစ်သော (အမ်အန်ဒီအက်ဖ်) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ အတွင်းရေးမှုး ဒေါက်တာ မင်းကြည်ဝင်းနှင့် အငြိမ်းစား ပြည်နယ် ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုးတို့ပါဝင်ကြသည်။

    ထိုနေ့မှာပင် မွန် (၁၅) ဦးကော်မတီတို့က “၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ဖို့  ဆုံးဖြတ်လိုက်တယ်” သို့သော်လည်းပဲ (၁၅) ဦးကော်မတီထဲမှ တချို့သောပါတီဝင်တွေက ရွေးကောက်ပွဲမှာ ဝင်ပြိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ရွေးကောက်ပွဲမှ ပါဝင်ယှဉ်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ နိုင်ငံရေးမူဝါဒသဘောထားမှာ အောက်ပါအတိုင်းဖြစ်သည် –
    ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိစေရန်၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုန်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းလာစေရန်၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်နှင့် ငြိမ်းချမ်းသော ကမ္ဘာ့လူနေမှုစနစ်ထွန်းကားလာရေး ဆောင်ရွက်သွားရန် စသည့်မူဝါတွေပါရှိသည်။

    နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) မှ ကိုယ်စားလှယ်လောင်းနေရာ ၅၆ ဦး လျာထားတယ် “ဒါပေမယ့် အချိန်ရဲ့တိုတောင်းမှုနှင့် ဘဏ္ဍရေးရဲ့ အခက်အခဲမှုကြောင့်” ကိုယ်စားလှယ်လောင်း ၃၄ နေရာသာ ရရှိခဲ့တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ၏ ပါတီခေါင်းဆောင် နိုင်ငွေသိန်း (နိုင်ဂျနူမွန်) က ပြောသည်။

    မွန်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေကြောင်း ပါတီဥက္ကဌက ပြောသည်။
    “စည်းရုံးရေးဆင်းပြီးတဲ့ကာလနှင့် မဆင်းရသေးတဲ့ကာလ တော်တော်လေးကို ကွာခြားမှုရှိတယ် မွန်ဒေသမှာရှိတဲ့ မွန်ပြည်သူအများစုဟာ ပြောရေးဆိုရေး သိပ်မကြောက်တော့ဘူး။ နောက်ပြီး နိုင်ငံရဲ့အရေးကိုလည်း စိတ်ဝင်စားလာတယ်။ ဒါဟာ ပါတီရဲ့ ကြီးကြီးကျယ်ကျယ် အားရမှု တရပ်ပါပဲ” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မြို့နယ် ၆ ခုတွင် ကိုယ်စားလှယ် ၆ ဦး၊ အမျိုးသားလွှတ်တော်တွင် မြို့နယ် ၆ ခုတွင် ကိုယ်စားလှယ် ၇ ဦး၊ ပြည်နယ်လွှတ်တော် အတွက် မြို့နယ် ၆ မြို့နယ်တွင် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ( ၃၄ )ဦး ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

    ကိုယ်စားလှယ်တင်သွင်းဖို့ ခွင့်ပြုသည့်အချိန် တိုတောင်းလွန်းသည့်အတွက် ကိုယ်စားလှယ်ဦးရေး လျော့နည်းရခြင်းဖြစ်သည်ဟု ပါတီဝင်တွေက ပြောသည်။

    “မွန်ပြည်နယ်ကို အခြေပြုတဲ့ ကျနော်တို့့ ပါတီဟာ အဓိကပြောရရင် အချိန်ပါပဲ” တအားကြီး တိုတောင်းသွားတော့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်နယ် ၇ ခုလောက် လွှတ်သွားတယ်။ “တိုင်းရင်းသားလွှတ်တော် မရှိခဲ့ဘူး”။ လွတ်သွားတဲ့ မြို့ကြီးတွေမှာ သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ရန်ကုန်၊ ပဲခူးစသည်တို့ ဖြစ်သည်။

    ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်  မွန်ပြည်သူတွေကို ကိုယ်စားပြုထားသည့် ပါတီအဖြစ် ရပ်တည်နေသော်လည်း အချို့သော မွန်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ မဝင်ဖို့ မဲမထည့်ဖို့ဆိုပြီး ဆန့်ကျင်သပိတ်မှောက်နေကြသလို အချို့သော အဖွဲ့အစည်းတွေက မွန်ပါတီအပေါ် “မတားမြစ်သလို အားမပေးတာ” လည်းရှိသည်။

    တိုးတက်သောမွန်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ မိ်အိုင်းစွန်းကလည်း “ကျမတို့ အဖွဲ့အစည်းအမြင်ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့အတွက် ရွေးကောက်ပွဲကို မဝင်စေခြင်ဘူးလို့ ပြောချင်တယ်။ ပါလဲ မပါစေချင်ဘူး၊ အကျိုးမရှိဘူးဆိုတာ သိတယ်။ မွန်ပါတီအတွက်ရော အခြားပါတီအတွက်ပါ သူတို့ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လွတ်လွတ်လပ်လပ် ပြောဆိုစည်းရုံးခွင့် ဘာမှ မရှိဘူး” ဟု ပြောသွားသည်။

    ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း ဘယ်လို သဘောထားတွေရှိနေသလဲဆိုတာကို အဖွဲ့ချုပ်ရဲ့ အထွေအထွေအတွင်းရေးမှူး နိုင်လရီရွတ်က

    “ဒို့အနေနဲ့ မွန်နိုင်ငံရေးပါတီအသစ်နဲ့ပတ်သက်ပြီး ဒို့အားလည်းမပေးဘူး၊ ဆန့်လဲ မဆန့်ကျင်ဘူး၊ ဒါပေမယ့် ပြည်သူလူတွေက ဘယ်လိုထောက်ခံမယ်ဆိုတာကို သူတို့ပေါ်မှာရပ်တည်တယ် သူတို့ရှေ့ရေးကိုတော့ ဒို့မသိဘူး အခု ဒို့အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ် ဥပမာ ဒို့မွန်အမျိုးသားထဲကတစ်ဦး ဝင်ပြိုင်မယ် ပြောမယ်ဆိုရင် သူတို့ပါတီနဲ့ သူတို့ပြိုင်မယ် ဒို့အားမပေးဘူး ဒို့လည်းမဆန့်ကျင်ဘူး သူတို့အလုပ်နဲ့သူတို့လုပ်မယ်။”

    “ဒီပါတီရှိကောင်း မရှိကောင်းကိုတော့ အဖွဲ့အစည်းနဲ့ဆိုတော့ တစ်မျိုးသွားမယ် ဒို့မွန်ပြည်သူလူထုတွေအနေနဲ့ ရှိလည်းကောင်း မရှိကောင်းပေါ့ အဖွဲ့အစည်းအကြံညာဏ်ပေးထားတဲ့အတိုင်းဆို သူတို့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း သူတို့က ရွေးကောက်ပွဲကို လက်မခံဘူး ဒို့လည်းဒီလိုပဲမြင်တယ်” ဟု နိုင်လရီရွတ်က ပြောသည်။

    ယခု မွန်ပြည်သူတရပ်လုံးကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သွားမည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို တချို့သော မွန်အဖွဲ့အစည်းတွေက အားပေးမှုမရှိဆိုသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် လက်ရှိမှာ လူထုရဲ့ ထောက်ခံမှုကို တနေ့တခြား ပိုမိုများပြားလာနေကြောင်း ပါတီဝင်တွေက ပြောသည်။

    ဒါနဲ့ပတ်သက်ပြီး ပါတီဥက္ကဌ နိုင်ငွေသိန်းက “ဒို့ပါတီက ငွေရေးကိစ္စနှင့် ပြောဆိုရေးကိစ္စကို အခက်အခဲကြားမှာ စည်းရုံးရေးဆင်းခဲ့သော်လည်း စည်းရုံရေးဆင်းခဲ့တဲ့ ကာလတလျှောက်တော့ ဒို့ပါတီကို မွန်ရွာမှာ ဗမာရွာတွေအပါဝင် အများဆုံး ကောင်းကောင်းကြီး ကြိုဆိုသွားတာကိုလည်း မြင်ခဲ့တယ်။ ဒါဟာ ပါတီရဲ့ အားကောင်းချက်တစ်ခုဖြစ်သလို ယုံလဲယုံကြည်ထားပါတယ်”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts