spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းရွေးကောက်ပွဲမတိုင်ခင် ပွဲလမ်းသဘင်ကျင်းပခွင့် မယက ပိတ်ပင်

    ရွေးကောက်ပွဲမတိုင်ခင် ပွဲလမ်းသဘင်ကျင်းပခွင့် မယက ပိတ်ပင်

    -

    ကျလွန်းထော – ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအတွင်း ပွဲလမ်းသဘင် ကျင်းပခွင့်မပြုဟု မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး (မယက) များက ကျေးရွာဥက္ကဌများကို ညွန်းကြားစာပေးပို့ထားသည်။

    သီတင်ကျွတ်လ၏ အစည်ကားဆုံး ဘုရားပွဲတော်ဖြစ်သည့် ကျိုက်ခမီဘုရားပွဲတော်၊ မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ ကျိုက်ကမော့ကြီးဘုရားပွဲတော်၊ ညောင်းကုန်ကျေးရွာရှိ ငါပျံတောင်ဘုရားပွဲတော်နှင့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာ ဘုရားပွဲတော်တို့တွင် ဇာတ်ပွဲသဘင်နှင့် ဂီတများ မသွင်းရန် သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားထားသည်ဟု မုဒုံမြို့နယ်မှ ညောင်းကုန်ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ရွေးကောက်ပွဲမတိုင်ခင်မှာ ပြဿနာတွေ ရှုပ်လာမှာစိုးလို့ ပိတ်ပင်ထားတာ၊ ရွာသားတွေကို အသိမပေးရသေးဘူး၊ နှစ်တိုင်းလုပ်နေတာ ဒီနှစ်မှ အခုလိုဖြစ်သွားတာ” ဟု ဥက္ကဌနှင့် နီးစပ်သူက ပြောသည်။

    ရွေးကောက်ပွဲမတိုင်ခင်အတွင်း လူအများစုဝေးရာနေရာ၌ ဗုံးဖောက်ခွဲခြင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ဂီတနှင့် ဇာတ်သဘင် တင်ဆက်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ကမာဝက်ရွာသားတစ်ဦးက ပြောသည်။

    အလာတူ ပွဲလမ်းသဘင်ပိတ်ပင်လိုက်သည့်အတွက် ဇာတ်သဘင်သည်တို့၏ စီးပွားရေးကို ထိခိုက်စေသည်ဟု မွန်ဂီတအဖွဲ့မှ နာမည်ကြီးအဆိုတော် ရာမာဉ်က ပြောသည်။

    မွန်ဇာတ်သဘင် ၁၀ ဇာတ်ကျော်ရှိပြီး ၄င်းတို့အထဲတွင် နာမည်ကြီးသည့် နန်အိုင်းလွီဇာတ်မှာ တစ်နှစ်လျှင် ၁၀၀ ညကျော်ခန့် ဖျော်ဖြေခဲ့ရပြီး တစ်ညကပြဖျော်ဖြေသောမင်းသားတစ်ဦးလျှင် ကျပ် ၁ သိန်းခန့် ရရှိသည်။

    “ဇာတ်သမားတွေကို တစ်နှစ်ဆိုရင် ဘယ်လောက်ဆိုပြီး ငှားထားတာ၊ ဒီလိုစည်ကားတဲ့ပွဲတော်တွေမှာ မကရဘူးဆိုရင်တော့ ဇာတ်ထောင်ထားတဲ့သူတွေ အရှုံးနဲ့ရင်ဆိုင်ရမယ်၊ ကျနော်တို့ မွန်ဂီတတွေကျတော့ ပြဿနာမရှိဘူး၊ သီချင်းမဆိုရလည်း ကိုယ့်အလုပ်နဲ့ကို ရှိနေကြတယ်၊ ဇာတ်အဖွဲ့တွေကျတော့ ဒီအလုပ်နဲ့ပဲ သူတို့ဇောင့်ချ လုပ်နေကြတာ” ဟု ရာမာဉ်က ပြောသည်။

    ထိုသီတင်ကျွတ်ဘုရားတော်တွင် ပွဲတော်တစ်ခုလျှင် အနည်းဆုံး ပွဲဇာတ် ၃ ဇာတ်ခန့် ခင်းကျင်းပြသပေးနေသည်မှာ နှစ်ပေါင်း တစ်ရာကျော်ပင်ရှိခဲ့ပြီး ယခုကဲ့သို့ ပိတ်ပင်မှုမှာ ဖြစ်နိုင်ချေရှိလိမ့်မည်လားဟု သံတယဖြစ်နေရသည်ဟု ၄င်းက ပြောသည်။

    သီတင်ကျွတ်ပွဲတော်များအထဲတွင် ၄င်းဘုရားပွဲတော်များမှာ အလွန်စည်ကားသော ပွဲတော်ကြီးများဖြစ်ပြီး ပွဲဇာတ်သဘင်များနှင့် ဂီတများလည်း စည်ကားတိုက်မြိုက်နေသည့်အတွက် နယ်အရပ်ရပ်မှ ဘုရားဖူးသည်များသာမက ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်နေသည့် မွန်တိုင်းရင်းသားများလည်း ၄င်းပွဲတော်ရက်များတွင် မိမိနေရပ်သို့ ပြန်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

    “ဘုရားဖူးတာလောက်ပဲဆိုရင် ကြိုက်တဲ့အချိန် သွားလို့ရတယ်၊ ပွဲသဘင်တွေရှိရင် ညဘက် ဘုရားတက်ပြီးရင် ပွဲခင်းလျှောက်လည်လို့ရတယ်၊ နယ်ကလာတဲ့ဧည့်သည်တွေလည်း ညအိပ်လို့ရတာပေါ့၊ ဒီလိုလုပ်တာဟာ အလေ့အထကိုပိတ်ပင်လိုက်သလိုပဲ၊ ပွဲတော်မရှိရင် စည်မှာမဟုတ်ဘူး” ဟု မုဒုံမြို့သားတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts