မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် / မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် အာဆီယံအသင်း

မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် အာဆီယံအသင်း

ရေးသားသူ:

မြန်မာနိုင်ငံသည် ၄င်းလူအခွင့်အရေးအရ၊ ဒီမိုကရေစီအရေး နှိပ်ကွပ်မှုကြောင့် နိုင်ငံတကာမှ အပြင်းအထန် ကန့်ကွက်နေသည့် အချိန်တွင် အာဆီယံအသင်းဝင်နိုင်ငံများမှ မြန်မာနိုင်ငံအား (၁၉၉၇) ခုနှစ်ကတည်းက ၄င်းအား အသင်းဝင်အဖြစ် လက်ခံခဲ့ပေသည်။

၂၀၀၈ ခုနှစ်က စစ်တပ်အခြေပြု ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်ပြီး စစ်အစိုးရမှ လာမည့်နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပေသည်၊ ထိုရွေးကောက်ပွဲအပေါ် အာဆီယံအသင်းဝင် နိုင်ငံအများအပြားမှ အမြင်အမျိုးမျိုး ပေးကြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တချိန်က အင်ဒိုနီးရှားနိုင်ငံ၏ ပုံစံအားနည်းယူထားသယောင်တွေ့ရပြီး၊ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား လမ်းကြောင်းအတိုင်း သွားနေသလား ဆိုကြပေသည်။ သို့ရာတွင် အင်ဒိုနီးရှား စစ်တပ်အရာရှိများသည် ပါလီမာန်၌ နေရာဝင်ယူမည့် ရာခိုင်နှုန်းကို တဖြည်းဖြည်းလျော့ချကာ နောက်ဆုံးတွင် နိုင်ငံရေး အာဏာကို လက်လွှတ်လိုက်မည် ဖြစ်ပေသည်။ မြန်မာနိုင်ငံအခြေအနေ ကား ထိုသို့မဟုတ်ပေ၊ စစ်တပ်မှ ပါလီမာန်နေရာတွင် (၂၅%) ရယူကာ၊ ၄င်းတို့ဖွဲ့စည်းထားသည့် ပါတီတွင်လည်း အရပ်ဝတ်နှင့် ရှိနေမည် ဖြစ်သည်။ စစ်တပ်မှ ဒီမိုကရေစီဖော်ဆောင်မှုကို စေတနာရိုးသားစွာဖြင့် ဦးတည်သွားသည်မဟုတ်ပဲ၊ ၄င်းတို့မှ ပါလီမာန်နေရာတွင် အရာခပ်သိမ်း ထိန်းချူပ်နိုင်ရေးကို ဦးတည်နေပေသည်။

ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမဈတမှုမရှိနိုင်၊ နိုင်ငံရေး ပါတီအားလုံးမှ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်သင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံ တနိုင်ငံကသာ ဖိအားပေး ပြောဆိုနေပေသည်။ ဖိလစ်ပိုင်နိုင်ငံ သည် အခြားသောနိုင်ငံများနှင့် ယှဉ်ကြည့်မည်ဆိုပါက ဒီမိုကရေ စီစနစ်ကို ခိုင်မာစွာ ကျင့်သုံးနေသည့် နိုင်ငံဖြစ်နေပေသည်။ သို့ရာတွင် မြန် မာနိုင်ငံစစ်အစိုးရက ဖိလစ်ပိုင်အစိုးရ၏ ဖိအားပေး ပြောဆိုမှုကို ဂရုမစိုက်ပေ။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း နီးစပ်ကာ၊ နယ်စပ် ကူးသန်းရောင်းဝယ်ရေး၊ သဘာဝဓာတ်ငွေ့ ဝယ်ယူရေးနှင့် ရေအားလျှပ်စစ် ဝယ်ယူရေးကိစ္စများတွင် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံနေသည့်အတွက် မြန်မာနိုင်ငံ၏ ပြဿနာအပေါ် ဝင်ရောက်မစွက်ဖက်လိုပေ။ ထို့ကြောင့် ရွေးကောက်ပွဲတွင်အများက ပါဝင်သွားအောင် ဆောင်ရွက်ပေးပါဟု ဝတ်ကြေတန်းကြေ တိုက်တွန်းနေပေသည်။

အခြားအာဆီယံအသင်းဝင် လောနှင့်ဗီယက်နမ်နိုင်ငံများသည် ကွန်မြူနစ်စနစ်ကို ဆက်လက်ကျင့်သုံးနေသည့် နိုင်ငံများဖြစ်သည့်အတွက် ၄င်းတို့မှ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပေါ် ဂရုမစိုက်ပေ။ လက်ရှိ အစိုးရနှင့်သာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်လိုသည့်အတွက် နိုင်ငံရေးကိစ္စအပေါ် ရေငုံနှုတ်ပိတ်ထားပေသည်။

အချူပ်အားဖြင့် ဆိုရသော် အာဆီယံအသင်းဝင် နိုင်ငံများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီအရေး၊ လူခွင့်ရေးနှင့် တိုင်းရင်းသားအရေး ကိစ္စများကို မကူညီနိုင်ပေ၊ မြန်မာနိုင်ငံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၄င်းတို့၏ အခွင့်အရေးအတွက် ၄င်းတို့ ကသာ ကြိုးစားရမည် ဖြစ်ပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒေသခံတံတားအမည်ပြောင်းလဲခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း-ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် ချောင်းဆုံ(သံလွင်တံတား)အား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်နာမသစ် ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။ Related

%d bloggers like this: