spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းကြံ့ခိုင်ရေးပါတီမှ ၄င်းတို့အား မဲထည့်သူများကို လက်မှတ်ထိုးခိုင်း

    ကြံ့ခိုင်ရေးပါတီမှ ၄င်းတို့အား မဲထည့်သူများကို လက်မှတ်ထိုးခိုင်း

    -

    နိုင်စန်၊ ဟောင်းဒိန် – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့်ရွေးကောက်ပွဲတွင် ၄င်းတို့ပါတီအား မဲထည့်မည့်သူများ၏ လက်မှတ်များကို တိတ်တဆိတ် ကောက်ခံနေကြောင်း သိရပါသည်။

    “မဲထည့်ပေးမယ်ဆိုရင် လက်မှတ်ထိုးရတယ်။ ပြီးရင် ပါတီဝင်ကဒ် လုပ်ပေးမယ်” ဟု ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးက ပြောသည်။

    ထိုလုပ်ငန်းစဉ်ကို ၄င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများဆီသို ့ တိတ်တဆိတ် သွားရောက်ကာ လုပ်ဆောင်နေကြောင်း၊ ကျေးရွာကြီးများတွင် ထိုကဲ့သို ့ လုပ်ဆောင်နေသော်လည်း ရွာငယ်များတွင် မလုပ်ဆောင်ရသေးကြောင်း အထက်ပါ ပါတီဝင်က ပြောသည်။

    ကြ့ံခိုင်ရေး ပါတီသို့ ဝင်ရန် လက်မှတ်ထိုးသူများသည် တရားမဝင် ထိုင်းကောလက်ဖုန်းများ ဖွင့်ခြင်း၊ ချဲရောင်းခြင်း၊ ဘောလုံးပွဲ လောင်းကစားခြင်း၊ ဆိုင်ခန်းများ ဖွင့်ခြင်း စသည့် ပြဿနာများ ဖြစ်ပါက ထိုပါတီဝင်တို့မှ ဝင်ရောက်ဖြေရှင်းပေးမည်ဟု မုဒုံမြို့မှ စီးပွားရေးသမားတစ်ဦးက ပြောသည်။

    ကြ့ံခိုင်ရေး ပါတီဝင်များသည် အခြားပါတီဝင်များကဲ့သို့ ကျေးရွာအတွင်း စည်းရုံးလှုံ့ဆော်ခြင်း မပြုပဲ ယခုကဲ့သို့ ၄င်းတို့ပါတီအား မဲထည့်မည့် သူများကို အခွင့်အရေးပေးပြီး တိတ်တဆိတ် စည်းရုံးနေသည်မှာ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟု မုဒုံမြို့နယ်ရှိ နိုင်ငံရေးလေ့လာသူ မွန်အမျိုးသားတစ်ဦးက ပြောသည်။

    ကြံ့ခိုင်ရေး ပါတီသည် တစ်ရွာလျှင် အမာခံပါတီဝင် (၅) ဦးခန့် ရှိပြီး အမာခံ ပါတီဝင်များမှတဆင့် ၄င်းတို့၏ ဆွေမျိုးများနှင့် ရင်းနှီးသူများကိုသာ မဲဆွယ် စည်းရုံးခဲ့သည်။

    သို့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်တွင် မွန်အမျိုးသားဝတ်စုံ အပြည့်ဖြင့် ‘ ကျနော်တို့လည်း မွန်တွေပဲ၊ ကျနော်တို့ကိုလည်း မဲထည့်ပေးကြပါ’  ဟု ကျေးရွာအချို့တွင် လိုက်လံစည်းရုံးခဲ့သည်။

    သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏ ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲတွင် အနိုင်ရပါကလည်း အစိုးရသစ် မဖွဲ့စည်းနိုင်ကြောင်း၊ ကြံ့ခိုင်ရေးပါတီသာလျှင် အစိုးရသစ် ဖွဲ့စည်းနိုင်မည် ဖြစ်ကြောင်း၊ မွန်ပါတီမှ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ခဲ့သည် မရှိဘဲ ကြံ့ခိုင်ရေးပါတီသာ ပြည်သူများအတွက် လမ်း တံတား တည်ဆောက်ပေးခြင်း၊ စေတီပုထိုး တည်ထားပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း ဗိုလ်ချုပ်အုန်းမြင့်က ပြောကြားခဲ့သည်။

    တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည်လည်း ကြံ့ခိုင်ရေး ပါတီကဲ့သို မိမိတို့သည်လည်း မွန်လူမျိုးများ ဖြစ်၍ မိမိတို့ပါတီကိုလည်း မဲပေးကြရန် စည်းရုံးနေကြပြီး ပြည်သူများမှာ မည်သည့်ပါတီအား မဲပေးရန် မဝေခွဲတတ်ကြောင်း မုဒုံမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts