spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဗုံးပေါက်ကွဲသည့်နေရာအနီး ဗုံးကြိုးတစ်ခုနှင့် ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

    ဗုံးပေါက်ကွဲသည့်နေရာအနီး ဗုံးကြိုးတစ်ခုနှင့် ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

    -

    ဘုရားသုံးဆူမြို့ကို ထိုင်းဘက်ကမ်းမှ တွေ့ရှိရပုံ

    ဂျူရီးချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန်သို့သွားသည့်လမ်းဆုံနေရာ ယခင်ဗုံးပေါက်ကွဲသည့်နေရာတွင် ဗုံးကြိုးစတစ်ခုနှင့် မြန်မာဘက်ကမ်းရှိ ထိုင်းဆေးရုံးအနီးတွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိသည်။

    ယမန်နေ့ဗုံးပါက်ကွဲခဲ့သည့်နေရာအနီး ဗုံးကြိုးစကို တွေ့ရှိခဲ့ပြီး မြန်မာဘက်ကမ်းရှိ ထိုင်းဆေးရုံး အနီးနှင့် တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၀၆ ဂိတ်အနီးတွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိသည်ဟု သုံးဆူမြို့ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

    ခြေလျင်တပ်ရင်း အမှတ် (၃၂) သုံးဆူမြို့သို့ ရောက်သည့် ဇွန်လမှစ၍ မိုင်းဗုံးနှင့် ဗုံးပေါက်ကွဲခြင်း ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ စစ်မှုထမ်းဟောင်နှင့် ကရင်တော်လှန်ရေးစစ်မှုထမ်းတို့က သုံသပ်သည်။

    “တွေ့တာက ကြိုးတစ်ခုပဲတွေ့တယ်၊ ဗုံးကိုတော့ မတွေ့ကြဘူး” ဟု ၄င်းကိုတွေ့ရှိသည့်မျက်မြင်တို့က ပြောသည်။ “ဒီကေဘီအေဂိတ်အနီးတဝိုက်မှာတော့ ဗုံးတစ်လုံးထပ်တွေ့တယ်”။

    ယခုလ ၂၅ ရက်တွင် ပေါက်ကွဲခဲ့သည့်ဗုံးကြောင့် ခလရ ၃၂ မှ တပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးဒဏ်ရာအနည်ငယ်ရရှိခဲ့ကာ ထိုင်းနိုင်ငံရှိ စံခလဘူရီဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်းရရှိခဲ့သည့် တပ်သားစိုးဝင်းသည် ထိုင်းနိုင်ငံ ကန်ချနဘူရီဆေးရုံတွင် ဆေးကုသနေဆဲဖြစ်သည်။

    “မနေ့ကပေါက်တဲ့ဗုံးက ရည်ရွယ်ချက်မရှိဘဲနဲ့ ပေါက်သွားတာ” ဟု နယ်စပ်တိုင်းရင်းသား တော်လှန်ရေးသမားတို့က ပြောသည်။ ယခုပေါက်ကွဲမှုသည်လည်း ၄င်းတို့အာဏာပိုင် အချင်းချင်း နယ်စပ်ဒေသတွင် တိုင်းရင်းသားအဖွဲ့အစည်းများ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် လုံခြုံရေး ထိန်းသိမ်းခက်ခဲတယ်ဆိုတဲ့အကြောင်းပြချက်ဖြင် ပေါ်လစီကစားခြင်း ဖြစ်နိုင်သည်ဟု ၄င်းတို့က ပြောသည်။

    သြဂုတ်လ ၂၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပေါက်ကွဲခဲ့သည့်ဗုံးကို မွန်လွှဲ ၃ နာရီအထိ မှိုရှာသူများ ၄င်းနေရာ၌ မတွေ့ရှိသေးသော်လည်း ညနေ ၅ နာရီကျော်ခန့်အချိန်တွင် တွေ့ရှိခဲ့သည့်အတွက် ၄င်းဗုံးမပေါက်ကွဲမီ နာရီပိုင်းအချိန်တွင်သာ လာရောက်ထားရှိခဲ့သည်ဟု မှိုရှာသူ မျက်မြင်သက်သေတို့က ပြောသည်။

    တိုင်းရင်းသားတော်လှန်ရေးသမားဟောင်းတို့က ဗုံးပေါက်ကွဲခြင်းမှာ ဆင်တူနေပြီး ယခုဗုံးမှာလည်း ပေါက်ကွဲသည့်အထိ ရည်ရွယ်ဟန်မတူသည့်အတွက် စစ်တပ်မှ ထိုမိုင်းဗုံးကို လာရောက်ကိုင်တွယ်ခြင်းဖြစ်သည်၊ သို့သော်လည်း ကိုင်တွယ်သည့် မိုင်းရှာဖွေ အင်ဂျင်နီယာတပ်မှ တပ်သားမှာ မကျွမ်းကျင်သည့်အတွက် ယခုကဲ့သို့ ပေါက်ကွဲရခြင်းဖြစ် သည်ဟု သုံးသပ်ကြသည်။ ရွေးကောက်ပွဲနီးလာသည့်အတွက်ကြောင့် ဘုရားသုံးဆူမြို့တွင် ပေါက်ကွဲမှုပြဿနာများ နောက်ထပ် ပေါက်ကွဲနိုင်သည့်အလားလာ ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

    ယခုလ ၁၆ ရက်နေ့တွင် ဘုရားသုံးဆူမြို့ရှိ ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုနှင့် အဝေးမှပစ်သွင်းခြင်း၊ မိုင်ထောင်ခြင်း စသည်တို့ကို မသင်္ကာဖွယ်တွေ့ရှိပါက တာဝန်ရှိသူများထံ သတင်းပို့ရန် သက်ဆိုင်ရာအာဏာပိုင်တို့က သတိပေး နှိုးဆော်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    သို့သော် ဘုရားသုံးဆူမြို့၌ မကြာခဏ ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုအပေါ် အာဏာပိုင်တို့ ဖန်တီးမှုဖြစ်နိုင်ကြောင်း နယ်စပ်စစ်ရေးလေ့လာသူတို့က ပြောသည်။

    လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ပေါက်ကွဲခဲ့သည့်ဗုံးကြောင့် တရားခံများရှာဖွေခြင်း၊ လုံခြုံရေး တပ်ကြပ်မှု ထားရှိခဲ့သော်လည်း ယခုနှစ်တွင် ပေါက်ကွဲခဲ့သည့်ဗုံးများကို တရားခံရှာခြင်း၊ လုံခြုံရေးချထားခြင်းမရှိကြောင်း သုံးဆူဒေသခံတို့က ပြောသည်။

    “ပေါက်ကွဲမှုဖြစ်ပြီးရင် အာဏာပိုင်တွေက တာဝန်အရလောက်ပဲ စစ်ဆေးတယ်၊ အရင်ကဆို အပြင်လူတောင် ပေးမဝင်ဘူး ပေါက်ကွဲမှုတဝိုက်မှာ ကာထားသေးတယ်၊ အခု လူတွေ ကြိုက်သလောက်ကြည့်ရတယ် ဓါတ်ပုံရိုက်လည်း ဝင်ရိုက်နေကြတယ် ဘာမှ တားမြစ်တာမတွေ့ရဘူး” ဟု ၎င်းက ပြောသည်။

    သုံးဆူမြို့ပေါ်၌ ယခင်ချထားခဲ့သော လုံခြုံရေးများအတိုင်း ဆက်လက်ထားရှိနေကြောင်း၊ ထုံးစံအတိုင်း သောင်းကျန်းသူဟုသာ သတင်းစာများတွင်ရေးသားဖေါ်ပြခဲ့ပြီး မည်သည့်အဖွဲ့အစည်းဟု တိတိကျကျ မစွပ်စွဲထားကြောင်း၊ အမှုတစ်ခုဖြစ်ပြီးပါက စုံစမ်းမှုများမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts