spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းနယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် ထပ်မံဖိအားပေး ခံရ

    နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် ထပ်မံဖိအားပေး ခံရ

    -

    မွန်ပြည်သစ်ပါတီ သတ္တမကြိမ်မြောက် တွေ့ဆုံဆွေးနွေးနေစဉ်

    အာကာ – စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကိစ္စကို အကြောင်းပြန်ရန်နှင့် လက်မခံပါက ငြိမ်းချမ်းရေး ပျက်ပြယ်သွားမည်ကြောင်း စစ်အစိုးရက မွန်ပြည်သစ်ပါတီအား ထပ်မံဖိအားပေး ကမ်းလှမ်းထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    ယခုလ (၂၃) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ နိုင်အောင်မင်း၊ နိုင်တလညီ ဦးဆောင်သည့် (၅) ဦးပါ အဖွဲ့နှင့် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ယခုကဲ့သို့ ဖိအားပေး ပြောဆိုလာခြင်း ဖြစ်သည်။

    “ဗိုလ်ချုပ်သက်နိုင်ဝင်းက BGF ကိစ္စကို ထပ်ပြောလာတယ်၊ ကျနော်တို့က ပြီးခဲ့တဲ့ ဧပြီလ (၂၂) ရက်နေ့ကတည်းက ဒီကိစ္စကို ပြောခဲ့ပြီးသားပဲ၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်က ဒီကိစ္စကို ဆုံးဖြတ်ချက် ချပြီး အကြောင်းပြန်မှာပါ” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန ဒုတာဝန်ခံ နိုင်ခြေးမွန်က ပြောသည်။

    နယ်ခြားစောင့်တပ်ကိစ္စအပြင် စစ်အစိုးရမှ ကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲတွင်လည်း မွန်ပြည်သစ်ပါတီအနေနှင့် နှောက်ယှက် ဖျက်ဆီးခြင်း မပြုရန် ပြောကြားခဲ့ကြောင်း နိုင်ခြေးမွန်က ပြောသည်။

    သြဂုတ်လ (၂၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ခေါင်းဆောင် (၂) ဦးနှင့် တွေ့ဆုံလိုကြောင်း စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က အကြောင်းကြားလာခဲ့သော်လည်း မတွေဆုံနိုင်ခဲ့ကြောင်း  မွန်ပြည်သစ်ပါတီက ပြောသည်။

    “ကျနော်တို့က တော်လှန်ရေးနေ့နဲ့ ရှုပ်နေလို့ တစ်ရက် နောက်ကြပြီးမှ ရောက်သွားခဲ့တယ်၊ ဗိုလ်ချုပ်ရဲမြင့် ပြန်သွားလို့ မတွေ့လိုက်ရဘူး၊ တိုင်းမှူးနဲ့ပဲ တွေ့ခဲ့တယ်” ဟု နိုင်ငံခြားရေးဌာန တာဝန်ခံ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    နိုင်ငံရေးနှင့် စပ်ဆက်သော အမျိုးသားအခွင့်အရေးကို မဖြေရှင်းနိုင်မီ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် အသွင်ပြောင်းခြင်းသည် မှန်ကန်သော လုပ်ရပ် မဟုတ်ခြင်းကြောင့် လက်မခံနိုင်ကြောင်း ယမန်နေ့တွင် ကျရောက်သည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

    အလားတူ ယခင်နှစ် သြဂုတ်လ (၅) ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသား တော်လှန်ရေးနေ့တွင်လည်း နယ်ခြားစောင့်တပ်ကိစ္စကို တရားဝင် ငြင်းဆန်ခဲ့သည်။

    ယခုကဲ့သို့ မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်တပ် အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ နောက်ဆုံးရက် သတ်မှတ်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ ဧပြီလ (၂၈) ရက်နေ့တွင် ဌာနေပြည်သူ့စစ် အသွင်းပြောင်းရန် ပထမအကြိမ် သတ်မှတ်ခဲ့သည်။

    ယခင် ဧပြီလ (၂၈) ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက ဧပြီလ (၂၂) ရက်နေ့တွင် လက်မခံနိုင်ကြောင်း ငြင်းဆိုရာမှ စစ်ရေးတင်းမာသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီး မွန်ပြည်သစ်နယ်မြေအတွင်းမှ ရွာသားရာချီ အိုးအိမ်စွန့်ကာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts