spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းမွန်အဖွဲ့အစည်းများ လှုပ်ရှားမှုကို မယက ခြိမ်းခြောက်

    မွန်အဖွဲ့အစည်းများ လှုပ်ရှားမှုကို မယက ခြိမ်းခြောက်

    -

    ကျလွန်းထော မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲအတွင်းရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ လူငယ်များ (Malation) မှ မာလာတီယွန်းအမည်ရှိ ခြင်ဆေးများ လိုက်လံဖြန်းပက်သည့်အတွက် မယက ဦးစီးမှူးက ရုံးသို့ ခေါ်ယူ ကြိမ်းမောင်းခဲ့ကြောင်း သိရသည်။

    မင်းတို့ လှုပ်ရှားတာ မွန်ပါတီကလား၊ ဒီအလုပ်က နိုင်ငံတော်က လုပ်ရတဲ့အလုပ်၊ နိုင်ငံတော်က မလုပ်နိုင်လို့ မင်းတို့ ထလုပ်တာ နိုင်ငံတော် သိက္ခာကျတယ်ကွ။ ငါက နိုင်ငံတော်ဝန်ထမ်း ဖြစ်တဲ့အတွက် မင်းတို့ကို ခေါ်မေးရတာဟု မြို့နယ်ဦးစီးမှူး ဦးတင့်ဇော်၏ ပြောကြားချက်ကို မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ လူငယ်က ပြန်လည်ပြောပြသည်။

    မိုးရာသီအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ လူငယ်များက ဇူလိုင်လ (၂၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ လမိုင်းမြို့ပေါ်ရှိ အိမ်ခြေ (၇၀၀) ခန့်ကို ခြင်ဆေးများ လိုက်လံဖြန်းပက်ပေးခဲ့သည်။

    ထိုသို့ လူထုကွင်းဆင်း ကျန်းမာရေး လှုပ်ရှားခြင်း ပြုလုပ်ရာတွင် စည်ပင်သာယာအဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ ဌာနများမှ အကူအညီများစွာ ပေးခဲ့သည်ဟုလည်း အထက်ပါလူငယ်က ပြောသည်။

    အလားတူ ဇူလိုင်လ (၂၃) ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော်မတီဝင်များက ပါတီရုံးခွဲ မရှိသေးသည့်အတွက် မြို့ပေါ်ရှိ (IO) ခန်းမကို ငှားရမ်းပြီး အစည်းအဝေး ပြုလုပ်ရာတွင်လည်း ဦးတင့်ဇော်က (IO) ခန်းမ ပိုင်ရှင်အား ခေါ်ယူ ခြိမ်းခြောက်ခဲ့သည်။

    မင်း နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံလက်ခံနေတာ ဥပဒေနဲ့ ဆန့်ကျင်နေတာ၊ ထောင်ဒဏ် () လ ကျနိုင်တယ် မင်းသိရဲ့လားဟု (IO) ခန်းမပိုင်ရှင်ကို ခြိမ်းခြောက်ခဲ့ကြောင်း ခန်းမပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    နိုင်ငံတော်အစိုးရမှ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံသားတိုင်း နိုင်ငံရေးကို အလေးထား ပါဝင်ကြရန် တိုက်တွန်းနေချိန်တွင် မြို့နယ်ဦးစီးမှူးကိုယ်တိုင်က နိုင်ငံတော် သိက္ခာကျအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ၎င်းမြို့နယ်ခွဲရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မင်းတင်မွန်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts