spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းနယ်စပ်ဒေသတွင် ၄င်းတို့ရင်းနှီးသူများကို ကြံ့ဖွ့ံမှ စတင်စည်းရုံး

    နယ်စပ်ဒေသတွင် ၄င်းတို့ရင်းနှီးသူများကို ကြံ့ဖွ့ံမှ စတင်စည်းရုံး

    -

    ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေအသင်း၏ အလံ

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ပြည်ခိုင်ဖြိုးအသင်းမှ ကြံ့ဖွံ့ပါတီအတွက် အသင်းဝင်များကို ၄င်းတို့အသင်းနှင့်နီးစပ်သူများ၊ ၄င်းတို့အသင်းနှင့် အကျွမ်းဝင်သူများကိုသာ လျှိုဝှက်စွာစတင်စည်းရုံးနေသည်။

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲတို့တွင် မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကော်မရှင်နေ့ရက် ကြေညာပြီးနောက် ကြံ့ခိုင်ရေးအသင်းမှ ပါတီဝင်အတွက် ၄င်းတို့နှင့်ဆက်စပ်သည့် သက်ဆိုင်သူများကို အခွင့်အရေးပေးခြင်း၊ ခြောက်လှန့်စည်းရုံးခြင်းတို့ဖြင့် စည်းရုံးရေး စတင်နေကြောင်း  ကြံ့ခိုင်ရေးအသင်းဝင်နှင့် စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။

    “ပြည်ခိုင်ဖြိုးအသင်းဝင်တွေ အဖွဲ့ဝင်တွေက သူတို့နဲ့နီးစပ်တဲ့သူတွေကိုပဲ စပြီးတော့ စည်းရုံးနေတယ်။ သူတို့နဲ့ နီးစပ်ရာ နီးစပ်ရာတွေပေါ့” ဟု  အသင်းဝင်တစ်ဦးက ပြောသည်။ သုံးဆူမြို့ ပြည်ခိုင်ဖြိုးအသင်း၏ စည်းရုံးရေးမှူးမှာ ဦးလွင်ဋ္ဌေးဖြစ်ပြီး တွဲဖက်စည်းရုံးရေးမှူးမှာ ဦးချိုလေး ဖြစ်သည်။ သုံးဆူမြို့တွင် ကြံ့ခိုင်ရေးပါတီမရှိသေးသော်လည်း အသင်းရုံးတစ်ခုသာ ရှိသည်။

    သြဂုတ်လ ၁၃ ရက်နေ့တွင် ကြံ့ခိုင်ရေးအသင်းသည် ရပ်ကွက် ၁ ခုစီအတွင်း အမာခံကျောရိုး ၄ ဦးစီကို အလုပ်အမှုဆောင်အဖြစ်ထားရှိနိုင်ရန်အတွက် ၄င်းတို့အသင်းဝင်များကိုသာ မြို့နယ်အထွေထွေ အတွင်းရေးမှူးရုံး (မယက) တွင် ခေါ်ယူစည်းဝေးခဲ့သည်။

    ကြံ့ဖွ့ံအသင်းဝင်တို့သည် သုံးဆူမြို့အတွင်းရှိ ၄င်းတို့နှင့် နီးစပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှပြင်ဆိုင်များ၊ ရွှေဆိုင်များနှင့် အခြားလုပ်ငန်းရှင်များကို ၄င်းတို့အသင်းဝင်ဖြစ်ပါက သွားလားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အကောက်အခွန်နှင့် အခြားစစ်ဆေးရေးများ စသည့်အခက်အခဲများမဖြစ်နိုင်ဟု ၄င်းတို့အသင်းဝင်ဖြစ်ရန် စည်းရုံးနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ၄င်းစီးပွားရေးလုပ်ငန်းရှင်က “သူတို့အသင်းဝင်ရင် သွားလားရေး၊ ကူးသန်းရောင်းဝယ်ရေးမှာ  အခက်အခဲမဖြစ်တော့ဘဲနဲ့ လွတ်လွတ်လပ်လပ်သွားလို့ရလမယ်။ ဥပမာ ကြာအင်းဆိပ်ကြီးဂိတ်ကိုရောက်ရင် အကောက်အခွန်နဲ့ တခြားစစ်ဆေးမှုတွေကို အသင်းဝင်ကဒ်ပြလိုရှိရင် အခက်အခဲမရှိဘဲနဲ့ လိုရာကို ချောချောမောမောရောက်မယ်” ဟု ဆိုပါသည်။

    အကယ်၍ ၄င်းတို့အသင်းကို မဝင်ပါက အဆိုပါအခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြံ့ဖွ့ံအသင်းဝင်တို့က ပြောသည်။ ဂိတ်များတွင်လည်း ဘယ်ဒေသမှ လာသလဲ၊ မည်သည့်အလုပ်လုပ်ကိုင်သလဲ စသောတာဝန်ခံတို့၏စစ်ဆေးမှုကို အစစ်ဆေးခံရမည် ဖြစ်သည်။

    သုံးဆူရှိနိုင်ငံရေးသမားတစ်ဦးက ကြံ့ဖွ့ံအသင်းဝင်တို့သည် ၄င်းတို့၏စည်းရုံးရေးအတွက် အစီအစဉ်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင်း အခြားအဖွဲ့များစည်းရုံးရေးလုပ်ငန်းအတွက် အခက်အခဲဖြစ်ကြရပြီး ယှဉ်ပြိုင်လာမည့်အခြားအဖွဲ့များကိုလည်း ပြန်လည်ချေပရန်ရှိကြောင်း ပြောသည်။

    ဘုရားသုံးဆူမြို့ရှိ ရယကအဖွဲ့ဝင်များအားလုံးကို ၄င်းတို့၏ပါတီဝင်အဖြစ် သတ်မှတ်ထားကြောင်း ၄င်းအသင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဘုရာသုံးဆူမြို့နယ်တွင် မဲထည့်ရုံပေါင်း ၃၅ ရုံခန့် လျားထားသော်လည်း မဲထည့်မည့်နေရာကို သတ်မှတ်ထားခြင်းမရှိသေးပေ။

    မဲရုံကို စောင့်ကြည့်မည့်သူများကိုလည်း အများပြည်သူအကြား ရွေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲအတွက် မဲရုံကို ပြည်ခိုင်ဖြိုးအသင်းဝင်များကိုသာ စောင့်ကြည့်ခိုင်းမည်ဟု ဒေသခံအာဏာပိုင်တို့က ပြောသည်။

    နယ်စပ်ဒေသရှိ အပစ်ရပ်အဖွဲ့များကို မဲရုံလုံခြုံရေးအတွက် မဲရုံတစ်ရုံလျှင် ၂ ဦးခန့် စောင့်ကြည့်ရန် လျားထားခဲ့သော်လည်း ၄င်းလျားထားချက်မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ၄င်းတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts