spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းငွေကြေးအဓမ္မတောင်းခံပြီး အမှုပိတ်ပင်

    ငွေကြေးအဓမ္မတောင်းခံပြီး အမှုပိတ်ပင်

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ ထိုင်းဘက်ကမ်း

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။  ။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ မူယစ်ဆေးဝါးအရေင်းအဝယ်အဆက်အစပ်ရှိသူကို ရယကနှင့် မူယစ်ရဲအရာရှိတို့ ငွေကြေးတောင်းပြီး အမှုကိုပိတ်ပင်နေသည်။

    ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) နေ ဦးအေးသောင်း အသက် (၃၈) နှင့် ဇနီးဖြစ်သူ ဒေါ်အေး အသက် (၃၆) တို့နေအိမ်တွင် ဂျူလိုင်လ (၂၈) ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်မှာ ရပ်ကွက် ရယကအဖွဲ့ဝင် ၆ ဦး ရောက်လာပြီး တစုံတရာမေးမြန်းခြင်းမရှိပဲ အိမ်ကို ဝင်မွှေရှာဖွေသွားသည်။

    ထိုဇနီးမောင်နှံနှစ်ဦးတို့သည် ဘုရားသုံးဆူမြို့ပေါ်တွင် မူယစ်ဆေးဝါးနှင့် ပတ်သက်သည့်အဆက်အသွယ်ရှိသူဖြစ်ပြီး၊ တစုံတယောက်က မူယစ်ဆေးဝါးလိုချင်လျှင် ဦးအေးသောင်းမှတဆင့် ရနိုင်ကြောင်း ကော်မရှင်စားအနေနှင့် ဦးအေးသောင်းက လုပ်စားနေသည်ဟု ထိုရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

    ထိုကဲ့သို့ ရယကမှ ရှာဖွေပြီး တစုံတရာမတွေ့ရှိပဲ ထိုသူနှစ်ဦးကို ရယကရုံးသို့ လာရောက်ရန် ပြောလိုက်သည်။ ရယကမှ ညွှန်ကြားသည့်အတိုင်း ဇနီးမောင်နှံတို့သွားရောက်ကာ ရုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသည့်အတွက် အိမ်ကိုသာ ပြန်လာခဲ့သည်။

    ထိုနေ့ညနေမှာပင် ရယကမှ နောက်ထပ်ရောက်လာပြီး ထိုနှစ်ဦးကို မူယစ်ရဲအရာရှိ ဦးညွန့်မင်းဦးအိမ်သို့ ခေါ်ဆောင်သွားသည်။ ထိုအိမ်မှာ ရယကဦးအေးကိုနှင့် အဖွဲ့ဝင် ၆ တို့လည်းရောက်ရှိနေပြီး ထိုသူနှစ်ဦးကို လက်မှတ်ထိုးခိုင်းကာ ဘတ် ၆ သောင်းပေးရမည်ဟုဆိုပြီး မပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်သည်။

    “ငွေပေးဖို့ ခြိမ်းခြောက်တယ်၊ အဲဒီနှစ်ယောက်ကလည်း အပြစ်ရှိနေတယ်ဆိုတော့ ကြောက်တာပေါ့ သူတို့က မူယစ်ဆေးရောင်းနေတာတော့မဟုတ်ဘူး ကော်မရှင်စားပေါ့နော် ဝယ်ပေးတယ် လိုတဲ့လူကို အဲဒီလိုပေါ့၊ သူတို့မှာလည်း ဘတ် ၆ သောင်းမရှိဘူး ကြံဖန်ပြီးတော့ ၅ သောင်းနဲ့ ၈ ထောင် ပေးလိုက်ရတယ်” ဟု ထိုသူနှစ်ဦးနှင့် နီးစပ်သည့် ရပ်ကွက်သားတစ်ဦးက ပြောသည်။

    ငွေကြေးကို မတရားတောင်းခံပြီး ထိုနှစ်ဦးကိုလည်း ယခုအဖြစ်အပျက်ကို မည်သူ့ထံမှာ မတိုင်ကြားရန် တိုင်ကြားပြီး ပေါက်ကြားသွားပါက ထိထိရောက်ရောက်အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

    ယခုရက်ပိုင်းအတွင်း ထိုကဲ့သို့ ရယကနှင့် ရဲတို့ပူးပေါင်းပြီး အပြစ်ရှိသူကို ထိထိရောက်ရောက်အရေးမယူပဲ ငွေကြေးတောင်းခံခြင်းဖြင့် အပြစ်ကြေအေးပေးသည့်အကြောင်းကို ဘုရားသုံးဆူရှိ စစ်အစိုးရအဖွဲ့တဖွဲ့က ထိုအဖြစ်အပျက်ကို အထက်သို့တင်ပြရန်လုပ်ဆောင်နေကြောင်း သုံးဆူရှိ အစိုးရအသိုင်းအဝိုင်းမှ သိရသည်။

    “အခုလို ရယကတွေ ရဲနဲ့ပေါင်းပြီးတော့ မူယစ်ဆေးဝါးအရောင်းအဝယ်သူတွေကို ငွေညှစ်ပြီး အမှုကိုပိတ်နေတာ ငွေပေးရင် ဘာလုပ်လုပ် လုပ်လို့ရတယ်ဆိုတဲ့သဘောပဲလေ ဒါပေမဲ့ ဒီမြို့မှာ တခြားအဖွဲ့တွေလည်းရှိသေးတယ် သူတို့ မသိရင်တော့ လုပ်စားလို့ရတာပေါ့ အခုက သူတို့တွေလည်း သိပြီးဆိုတော့ အထက်ကိုတင်မှာပေါ့ ဘယ်လိုလာလဲတော့ မပြောတက်သေးဘူး” ဟု အစိုးရအဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts