spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းကြံ့ဖွံ့ပါတီ မွန်ပါတီနဲ့ အတူတူဟု မြန်မာဗိုလ်ချူပ်မှ လိုက်လံစည်းရုံး

    ကြံ့ဖွံ့ပါတီ မွန်ပါတီနဲ့ အတူတူဟု မြန်မာဗိုလ်ချူပ်မှ လိုက်လံစည်းရုံး

    -

    ယမန် ကြံဿဖွံ့အသင်း၏ logo

    နိုင်မာန်၊ ကျလွန်းထော။ ။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် မွန်ပါတီ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ) နှင့် အတူတူဖြစ်သည်ဟု မွန်ပြည်နယ်အတွင်း ကြံ့ဖွံ့ပါတီဝင်များက လိုက်လံစည်းရုံးနေသည်။

    ယခုလ ပထမအပတ်အတွင်း မွန်ပြည်နယ် မုဒုံမြို့သို့ ဗိုလ်ချုပ်အုန်းမြင့် စည်းရုံးရေးခရီးစဉ်တွင် ၄င်းတို့ပါတီသည် မွန်ပါတီနည်းတူ ဒီမိုကရေစီ အရေးကို ကြိုးပမ်းနေသည်ဟု ဗိုလ်ချုပ်အုန်းမြင့်က ပြောကြားခဲ့သည်။

    “ကျနော်တို့ ပါတီက မွန်ပါတီနဲ့အတူတူပါပဲ၊ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းတာခြင်းအတူတူပါ၊ ဒါကြောင့် ကျနော်တို့ ပါတီကို မဲထည့်ပေးနိုင်ပါတယ်၊ တစ်ရွာဆိုရင် အနည်းဆုံး အယောက် ၅၀ ပဲ ယူမှာပါ၊ ကျန်တာတွေအားလုံးက မွန်ပါတီဘက်ထည့်နိုင်ပါတယ်” ဟု ဗိုလ်ချုပ်အုန်းမြင့်၏ ပြောဆိုမှုကို ကိုးကား၍ မုဒုံမြို့နယ်ရှိ ကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောပါသည်။

    မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကြံ့ဖွံ့ပါတီဝင်များက စည်းရုံးရေးဆင်းခဲ့သော်လည်း အောင်မြင်မှုမရရှိသည့်အတွက် ဗိုလ်ချုပ်အုန်းမြင့်ကိုယ်တိုင် ဆင်းလာခဲ့ရသည်ဟု ၄င်းက ပြောသည်။

    “ကျနော်တို့ စည်းရုံးတာ ပြည်သူတွေ စိတ်မဝင်စားကြဘူး၊ အခုလို ဗိုလ်ချုပ်အုန်းမြင့် ဆင်းလာပြီး ပြောကြားလိုက်တာ အောင်မြင်မှုရသွားတယ်” ဟု ၄င်းကြံ့ဖွံ့ပါတီဝင်က ဆက်ပြောသည်။

    မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ကြံ့ဖွံ့ပါတီခေါင်းဆောင်အဖြစ် တစ်ရွာ ၅ ဦး ခန့်အပ်ထားပြီး ၄င်းပါတီခေါင်းဆောင်တစ်ဦးလျှင် ပါတီဝင် ၅၀ ဦး စည်းရုံးပေးရမည် ဖြစ်သည်။

    အသင်းမှ ပါတီအဖြစ်သို့ ပြောင်းလိုက်ကြောင်း အသိအလင်းကြေညာထားပြီး မြို့နယ်၊ ကျေးရွာများတွင် ပါတီဝင်အင်အား မည်မျှ စုစည်းပေးရမည်ဟု တိုက်တွန်းနေသည်မှာ အမိန့်ဖြင့် ပါတီအင်အား စုဆောင်းသည်ဟု ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ဥက္ကဌ ကိုဖြိုးမင်းသိန်းက ပြောသည်။

    “နိုင်ငံရေးပါတီ (၄၀) ကျော်ရှိတာ၊ ဒီလိုအခွင့်အရေး ဘယ်သူမှမလုပ်ဘူး၊ ကြ့ံခိုင်ရေးပါတီက ဒီမိုကရေစီပါတီနဲ့ နိုင်ငံရေးပါတီတွေအကြားမှာ အာဏာကိုချုပ်ကိုင်ထားပြီး အခွင့်ထူးတစ်ခုလို ဆောင်ရွက်နေတာဟာ မလုပ်သင့်ဘူးလို့ မြင်ပါတယ်၊ အသင်းကနေ ပါတီကိုပြောင်းပြီး နိုင်ငံတော်ဘဏ္ဍာတွေကို ပါတီမှာ အသုံးပြုနေတာဟာ ဥပဒေနဲ့လုံးဝ မကိုက်ညီပါဘူး၊ ကြံ့ဖွံ့ပါတီရဲ့ လုပ်ရပ်တွေ အားလုံးကို ကျနော်တို့ စုဆောင်းထားပါတယ်၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီလိုတရားမမျှတမှုတွေ ပြုလုပ်သွားမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ မှတ်တမ်း ပြုစုထားပါတယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

    ဇူလိုင်လ ၆ ရက်နေ့မှစ၍ ပြည်ခိုင်ဖြိုးအသင်းကို ဖျက်သိမ်းပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်းနှင့် အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင်လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၄င်းအသင်းမှ ရုံးအဖွဲ့မှူး သူရဦးမြင့်ဦး၏အဆိုကို ဘီဘီစီသတင်းဌာနမှ ကိုးကားထားသည်။

    ကျေးရွာအတွင်းရှိ ကြံ့ဖွံ့အသင်း ဝင်ထားသူများ ကြံ့ဖွံ့ပါတီကို မဲထည့်ပေးရမည်ဟု ကျေးရွာ အသင်းခေါင်ဆောင်များက ညွန်းကြားထားပြီးဟု သံဖြူဇရပ်မြို့နယ် ယခင်ကြံ့ဖွံ့အသင်းဝင်တစ်ဦးက ပြောသည်။ တနိုင်ငံလုံးရှိ အသင်းဝင်ဦးရေမှာ ၂၃ သန်းကျော်ရှိကြောင်း စစ်အစိုးရသတင်းများတွင် ဖော်ပြထားသည်။

    ကြံ့ဖွံ့ပါတီသည် ယခင်က လူမှုရေးရာလှုပ်ရှားမှုအပိုင်းတွင် လုပ်ဆောင်နေပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မွန်ဒေသတခုလုံးမှာ ပါဝင်ယှုဉ်ပြိုင်ရန်ရှိသည်။

    ကြံ့ဖွံ့ပါတီသည် မြန်မာစစ်အစိုးရတို့မှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ဘယ်နိုင်ငံရေးပါတီမဆို အစိုးရဘဏ္ဍာရေးသုံးစွဲခြင်း၊ တရားမဝင်ငွေကြေးတွေကို သုံးစွဲခွင့်မရှိပါ။ ကြံ့ဖွံ့ပါတီတို့က ဘဏ္ဍာရေး၊ အခွင့်အရေးအမျိုးမျိုးဖြင့် စစ်အစိုးရထံမှ ရရှိထားသည့် ယနေ့အနေအထားမှာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေသည်။

    ကြံ့ဖွံ့ပါတီ၏ ဘဏ္ဍာရေး အားအကောင်းဆုံးတခုမှာ ဆက်သွယ်ရေးဝန်ကြီးဌာနမှ CDMA ဖုန်းများကို ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့ပါတီဘဏ္ဍာရေးအတွက် ပြည်နယ်တိုင်း မြို့နယ်တိုင်းမှာ ချပေးနေသည်။

    ထိုမျှမက အစိုးရဝန်ထမ်းတွေကလည်း နိုင်ငံရေးပါတီဝင်မရဆိုပြီး ဥပဒေမှာထုတ်ပြန်ထားသော်လည်း လူဝတ်လဲထားသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသိန်းစိန်က ထင်ထင်ပေါ်ပေါ် ဥပဒေချိုးဖောက်နေမှုအပေါ် ဘယ်နိုင်ငံရေးပါတီကမှ မဆန့်ကျင်နိုင်ခဲ့ပါ။

    ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးခရီးစဉ်မှာ မွန်ပြည်သူတွေအကြား နိုင်ငံရေးပါတီဘက် စိတ်ဝင်စားမှုမရှိသော်လည်း အများအားဖြင့် အခွင့်အရေးလိုသူများသာ ကြံ့ဖွံ့ပါတီထဲ ဝင်လာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts