spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု မွန်ပါတီ မျှော်မှန်း

    ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု မွန်ပါတီ မျှော်မှန်း

    -

    ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်တမျိုးသားလုံးအတွက် ကိုယ်စာပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ လက်ရှိ စည်းရုံးရေးခရီးစဉ်နှင့် ပါတီရဲ့အခြေအနေကို သိရှိနိုင်ရန်အတွက် မိရိုင်မရော့က ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်းနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးရေးခရီးစဉ်ရဲ့ လက်ရှိအခြေအနေကို ရှင်းပြပေးလားဆရာ။

    ဖြေ ။ ။ လောလောဆယ်မှာတော့ ကျနော်တို့ စည်းရုံးရေးခရီးစခဲ့တာ တပတ်ကျော်ကျော်တော့ရှိသွားပြီး၊ ရေး၊ သံဖြူဇရပ်၊ လမိုင်၊ မုဒုံနဲ့ ကရင်ပြည်နယ်ဘက်မှာလည်း ထိုက်သင့်သလောက်တော့ စည်းရုံးခဲ့ပြီးပြီ၊ အခုဆို မော်လမြိုင်မှာ စည်းရုံးနေတယ် ကျနော်တို့ရဲ့ ခရီးစဉ်က တော်တော်လေးကို အားရပါတယ် ပြေလည်း ပြေလည်တဲ့ခရီးစဉ်းဖြစ်တယ် အားပေးတဲ့လူတွေလည်းများတယ်။

    မေး ။ ။ စည်းရုံးရေးခရီးစဉ်တစ်လျှောက်မှာ အခက်အခဲတွေရော ရှိခဲ့သလားဆရာ။

    ဖြေ ။ ။ အခက်အခဲကတော့ နည်းနည်းပါးပါးရှိတာပေါ့ ဒါပေမဲ့ အနည်းငယ်ပဲဆိုပေမဲ့လည်း ကျနော်တို့ မွန်ပြည်သူတွေအကြားမှာ အစွဲအလန်းဆိုတာရှိနေတယ်၊ ဘယ်လိုလဲဆိုတော့ ဒီလိုလုပ်လိုက်လို့ ကြောက်ရတာမျိုး ဟိုလုပ်လည်း ကြောက် ဒီဟာလုပ်လည်း ကြောက်ရ အဲဒီလို အစွဲတွေကရှိနေတော့ စီးပွားရေအပိုင်းမှာ ထိခိုက်လာမှာကိုလည်း ကြောက်နေကြတယ် အဲဒီလိုအစွဲတွေရှိနေတယ် ကျနော်တို့ မွန်တွေမှာ ဒါပေမဲ့ ဘာကို ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး ကိုယ့်စိတ်ကြိုက် ကိုယ်စေတနာရှိတဲ့သူကို ကိုယ်လက်မထောင်လို့ရတယ် ကြိုဆိုတဲ့လူတွေက များတယ် ကျနော်တို့လည်း မှန်ကန်တဲ့အလုပ်ကိုပဲ လုပ်တယ်။

    မေး ။ ။ မဲကော်မရှင်ကနေ စည်းရုံးရေးဆင်းရာမှာ အကန့်အသတ်တွေချမှတ်ထားတဲ့အပေါ်မှာရော စည်းရုံးရေးဆင်းရာမှာ အခက်အခဲရှိလားဆရာ။

    ဖြေ ။ ။ သူတို့ကလည်း သူတို့နည်းနဲ့ သူတို့ ကန့်သတ်တာပဲ ဒါပေမဲ့ အတင်းအကြပ်ကြီးလည်း သူတို့မလုပ်ရဲဘူး၊ ကျနော်တို့လည်း စည်းရုံးရေးဆင်းတယ်ဆိုတာ လူထုအကြားမှာတမျိုးဆင်းရတယ်၊ ကျနော်တို့ရုံးတွေအကြားမှာဆိုရင် တမျိုးပြန်၊ စည်းရုံးရေးကိုတော့ သုံးလေးမျိုးဆင်းနေရတယ်၊ ဒါပေမဲ့ ကျနော်တို့က စည်းရုံးရေးမှာ ပြဿနာမဖြစ်အောင် မဲကော်မရှင်က ကန့်သတ်ထားတာကိုလည်း မချိုးဖောက်မိအောင် ဥပမာ ရွာမှာဆင်းမယ်ဆိုရင် ရွာမှာလူစုထားမယ် ကျနော်တို့ရောက်သွားမယ် အပြင်မှာ အော်ပြောတာတို့ ကျနော်တို့မလုပ်ဘူး ကျနော်တို့မွန်တွေလည်း ဒါကို သဘောပေါက်တယ်၊ ဒါကြောင့် စည်းရုံးရတာ လွယ်တာပေါ့၊ ဘာမှလည်း အဟန့်အတားဖြစ်စရာမလိုဘူး၊ ဒါပေမဲ့ တခြားတဘက်မှာကလည်း သူတို့တွေ ခြောက်လှန့်တာလားပေါ့ ခြောက်တာကလည်း အစိုးရမဟုတ်ဘူး လက်အောက်ငယ်သားတွေပဲ သူတို့ရဲ့ ခြောက်လှန့်မှုအပေါ်မှာလည်း ကျနော်တို့က လုံးဝကြောက်စိတ်မရှိဘူး၊ မကြောက်ကြနဲ့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ ကိုယ့်စိတ်ကြိုက် ကိုယ်မဲထည့်လို့ရတယ်၊ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်လို့ရတယ်၊ ကျနော်တို့ကလည်း စည်းရုံးရေးခရီးကို ဆက်သွားနေဦးမှာပဲ။

    မေး ။ ။ မွန်ပြည်လူထုတွေအကြားမှာ စည်းရုံးရေးဆင်းတာ အားရမှုတွေရော ဘယ်လိုရှိခဲ့သလဲ။

    ဖြေ ။ ။ ကျနော်တို့ သွားထားရသလောက်တော့ လူထုတွေ အားပေးကြပါတယ်၊ ကျနော်တို့လည်း တော်တော်အားရပါတယ်၊ သူတို့တွေဟာ တခြားပါတီတွေလည်းမရှိဘူး ဘယ်သူ့ကို မဲပေးရမှာလဲ စာလည်းမဖတ်တက် ဗဟုသုတလည်းနည်းတော့ ဘယ်သူ့ကို မဲပေးရမှာလည်းဆိုတာကို မသိကြဘူး အခုဆို တချို့က မွန်ပါတီ တစ်ပါတီရှိတာတောင်မသိကြဘူး၊ ကျနော်တို့က ဘာမှကို ပြောစရာမလိုဘူး ပြည်သူတွေကလည်း ကျနော်တို့အပေါ်ကို ကြိုဆိုတယ် ကျနော်တို့လည်း သူတို့အတွက် အမှန်တရားပဲလုပ်တယ်၊ ဒါပေမဲ့ တခုရှိတာက ဒီကြားမှာ ခြောက်လှန့်မှုတွေတော့ရှိမှာပဲလေ ဒါတွေကိုတော့ ကျနော်တို့ ရွေးကောက်ပွဲမရောက်ခင်မှာ ပညာပေးသလိုမျိုး ရွေးကောက်ပွဲဆိုင်ရာတွေကို လူလွှတ်ပြီးတော့ စည်းရုံးရမှာပဲ ဒါကလည်း တရားဝင်လုပ်တာပဲလေ မဲကော်မရှင်ကို ဒါတွေ တင်ပြထားတာပဲ အဓိကက လူထုတွေအကြား အမြင်တွေ အသိတွေရအောင်လို့ ကျနော်တို့က စည်းရုံးရမှာပဲလေ။

    မေး ။ ။ မကြာခင်က ဗဟိုအလုပ်မှုဆောင်တွေ ရွေးကောက်တင်မြှောက်တယ်ဆိုတော့ ဘယ်သူတွေပါပြီးတော့ လုပ်ငန်းတာဝန်တွေကိုရော ဘယ်လိုခွဲဝေထားကြတာလဲဆရာ။

    ဖြေ ။ ။ အစပိုင်း ကျနော်တို့တင်ထားတာက ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်နဲ့ တခြား ၁၃ ယောက် အားလုံး ၁၅ ယောက်ပေါ့ အခုတော့ ဗဟိုအလုပ်မှုဆောင် ထပ်ရွေးလိုက်တယ်၊ အားလုံးက ၂၁ ယောက်၊ အဲဒီမှာ ဥက္ကဌ၊ ဥက္ကဌ ၁၊ ဥက္ကဌ ၂။ အတွင်းရေးမှူး၊ အတွင်းရေးမှူး ၁၊ အတွင်းရေးမှူး ၂၊ ဒီ ၆ ယောက်ကိုတော့ တာဝန်တွေပေးထားတယ်၊ ကျန်တာတွေကတော့ ဘယ်သူက ဘာလုပ်ရမှာလဲဆိုတာကို တာဝန်သိသိကျကျမပေးရသေးဘူး၊ နေပြည်တော်ကိုတော့ စာရင်းတင်ထားပြီးပြီ၊ ဥက္ကဌက ကျနော် နိုင်ငွေသိန်း၊ ဥက္ကဌ () က နိုင်လှအောင်၊ () က နိုင်သိုက်၊ အတွင်းရေးမှူးက ဒေါက်တာမင်းနွယ်စိုး၊ အတွင်းရေးမှူး () က နိုင်စန်းတင်၊ () က နိုင်ခင်အောင် ဒီ ၆ ယောက်ကိုပဲ တာဝန်တွေပေးထားကြတယ်၊ ကျန်တာတွေကလည်း ဗဟိုကော်မတီတွေပဲလေ ဒါပေမဲ့ တာဝန်တော့ ဘာမှမပေးရသေးဘူး။

    မေး ။ ။ ပါတီတစ်ခုမှာ ပါတီဝင်အင်အားတစ်ထောင်ပြည့်ရမယ်ဆိုတဲ့အပေါ်မှာရော မွန်ပါတီမှာ ဘယ်လိုအခြေအနေရှိနေလဲ။

    ဖြေ ။ ။ ထောင်မကဘူး၊ တမြို့နယ်ထဲနဲ့ ပါတီဝင်ထောင်ကျော်နေပြီးလေ အခုဆို ကျနော်တို့ မွန်ပါတီက ပါတီဝင်အင်းအား တစ်ထောင့်လေးရာစာရင်းကို နေပြည်တော် မဲကော်မရှင်မှာ တင်ပြထားပြီးပြီ။

    မေး ။ ။ ဘဏ္ဍာရေးအပိုင်းမှာရော အဆင်ပြေမှုတွေရှိလား ဒါမှမဟုတ် အခက်အခဲတွေရှိနေလားဆိုတာကိုလည်း ရှင်းပြပေးပါဆရာ။

    ဖြေ ။ ။ ဘဏ္ဍာရေးအပိုင်းမှာ အမှန်ပြောရရင် အခက်အခဲရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်စရာမလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပါတီဝင်တွေကို တယောက် ၅၀၀ ဆိုပြီး သတ်မှတ်ထားတယ်၊ ၅၀၀ ဆိုတာကလည်း ပါတီဝင်တိုင်းက ပေးကြတယ်၊ တချို့စေတနာရှိသူတွေ တစ်သိန်းထိပေးတာတွေလည်းရှိတယ်၊ တချို့ဆို တစ်သောင်း နှစ်သောင်း အဲလို ပေးတာတွေလည်းရှိတယ်ဆိုတော့ ဘဏ္ဍာရေးအပိုင်းမှာ ချမ်းသာကြွယ်ဝတယ်ဆိုတာမဟုတ်ဘူး၊ အခက်အခဲဖြစ်နေတယ်ဆိုတာလည်းမဟုတ်ဘူး၊ ဒါပေမဲ့ သွားရေး လာရေးမှာတော့ အခက်အခဲနည်းနည်းတော့ရှိတာပေါ့ ပိုက်ဆံလုံလုံလောက်လောက်မသုံးရတာတော့ရှိတယ် ချွေတာရတာပေါ့၊ ပြည့်ဝတယ်ဆိုတာလည်းမဟုတ်ဘူး၊ ခက်ခဲတယ်ဆိုတာလည်းမဟုတ်ဘူး၊ register တုန်းက ၃ သိန်းပေးရတယ်၊ ဒီနောက်ပိုင်း ပါတီဝါဒဖြန့်ဖို့အတွက် အဲဒီတုန်းက ၆ သိန်းကုန်ထားတယ်၊ ကြားမှာ ရုံးဖွင့်တာတို့ ဘာတို့တော့ ကုန်တာပေါ့လေ အဲဒါတွေတော့ အခက်အခဲရှိတာပေါ့လေ၊ မြို့နယ်ဘက်မှာတော့ သူတို့နည်း သူတို့ဟန်နဲ့ ပြေလည်မှုရှိတယ်လို့ တွက်ထားတာပေါ့လေ၊ ပိုက်ဆံရှိလားလို့မေးရင် မရှိဘူး၊ ဒါပေမဲ့ အလုပ်လုပ်မရတဲ့အထိ ဘဏ္ဍာရေးမှာ အခက်အခဲရှိနေတာလည်းမဟုတ်ဘူး အလုပ်ဖြစ်အောင်တော့ လုပ်ရမယ်၊ ၂ သိန်း ၃ သိန်း လှူတဲ့လူတွေရှိတယ် အနည်းကျဉ်းပေါ့လေ အများကြီးတော့မဟုတ်ဘူး၊ တချို့ဆို ၁ သောင်း ၂ သောင်း လာပေးတာတွေလည်းရှိတယ်၊ ထပ်ပေးဖို့လူတွေလည်းရှိနေတယ်၊ ဒါပေမဲ့ ကျနော်တို့က မဲမှမရွေးရသေးတာ မဲရွေးဖို့ အမတ်လောင်တစ်ယောက်ကို ငါးသိန်းဆိုလည်းရှိသေးတယ် အဲဒါက ကျနော်တို့ မစဉ်းစားရသေးဘူးလေ ဘဏ္ဍာရေးက ပြည့်ဝတာလည်းမဟုတ် ခက်ခဲတာလည်းမဟုတ် ကြားအခြေနေမှာရှိနေတယ်၊ ကနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အားထုတ်ပြီးတော့ လုပ်သွားမှာပဲ။

    မေး ။ ။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် မွန်ပါတီအနေနဲ့ ဘယ်လိုမျှော်မှန်းထားတာရှိလဲ။

    ဖြေ ။ ။ ဒီရွေးကောက်ပွဲမှာ အမှန်ပြောရရင် မွန်ဒေသအတွင်းမှာ ပြိုင်မယ်ဆိုရင် နိုင်မှာပဲ ကျနော်တို့ပဲ အနိုင်ရမှာလို့ တွက်ထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပုရိသတ်တွေ လူထုတွေက ကျနော်တို့မွန်ပါတီအပေါ် စိတ်ဝင်စားမှုရှိတယ်၊ မွန်လူမျိုးကို ချစ်တာလဲပါတာပေါ့လေ၊ ဘယ်လိုပဲပြိုင်ပြိုင် တကယ်လို့တရားမျှတမှုနဲ့ ပြိုင်ရင်တော့ ကျနော်တို့ စိုးရိမ်စရာမလိုဘူး၊ ဥပမာ သထုံ၊ ဘီလင်း၊ ကျိုက်ထိုတို့လိုဒေသတွေမှာ တခြားပါတီတွေနဲ့ အပြိုင်လုပ်ရတာပေါ့ ဘာလို့လဲဆိုတော့ အဲဒီဒေသတွေက မွန်တွေ နည်းတယ်၊ တခြားဒေသမှာဆိုရင်တော့ ကျနော်တို့ ဘာမှပူစရာမလိုဘူး တရားမျှတမှုနဲ့လုပ်ရင်ပေါ့၊ လူထုတွေကလည်း အမြဲကြိုဆိုနေကြတယ်။

    မျှော်မှန်းထားတာက ကျနော်တို့နိုင်မှာပဲ ဘာလိုပဲဖြစ်ဖြစ် ဒီကနေ့အခြေအနေအရဆိုရင် မွန်လူထုတွေက ကျနော်တို့ပါတီကို စိတ်ဝင်စားကြတယ်၊ နောက်ပြီး ပါတီကလည်း မွန်ပါတီဆိုတာ တစ်ပါတီပဲရှိတယ်၊ မွန်တွေမှာရှိတဲ့ ဥပမာ မွန်ပြည်သစ်ပါတီတို့လို ပါတီတွေကလည်း ကျနော်တို့ပါတီနဲ့ ပြဿာနာမရှိခဲ့ဘူး ကိုယ့်ရပ်တည်ချက်အပေါ် ကိုယ်ရပ်တည်ကြတာပဲ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts