spot_img
Saturday, April 20, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ရွေးကောက်ပွဲအလားလာနှင့် အတိုက်အခံမရှိသော

    ရွေးကောက်ပွဲအလားလာနှင့် အတိုက်အခံမရှိသော

    -

    စစ်အစိုးရမှ (၂၀၁၀) ရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း၊ နိုင်ငံအသိ ကမ္ဘာအသိ ကြေညာပြီး ဖြစ်သည်။ အချို့ကာ ရွေးကောက်ပွဲအပေါ် အကောင်းမြင် သုံးသပ်ကြပါသည်။ အချို့ကာ ရွေးကောက်ပွဲဲသည် တရားမှုလည်းမရှိ သန့်ရှင်းမည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း သုံသပ်ကြပါသည်။

    အကောင်းမြင်ရှိသူများကမူ၊ နှစ်ပေါင်း (၂၀) ကျော် စစ်အစိုးရ၏ အုပ်ချုပ်မှုဖြင့် နေထိုင်ခဲ့ရသည်။ အထက်ရွေးကောက်ရှိလာမည်ဆိုပါက ပိုကောင်းလာမည်၊ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာမည်ဆိုပါက နိုင်ငံရေးစနစ်ကိုလည်း တဖြည်းဖြည်းနှင့် ပြုပြင်ပြောင်းလဲသွားနိုင်မည်ဟု ယုံကြည်ပေသည်။

    သို့ရာတွင် လက်ရှိအခြေအနေတွင်ကာ စစ်အစိုးရမှ (၂၀၁၀) ရွေးကောက်ပွဲပြီးသည့်တိုင် အာဏာကို ဆက်လက်ထိန်းချုပ်သွားနိုင်ဖွယ်ရှိနေပေသည်။ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံအရ တပ်မတော်မှ အာဏာ (၂၅%) ကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုအပ်ပဲ ရရှိမည်ဖြစ်ပေသည်။ တချိန်တည်းတွင် စစ်တပ်ခေါင်းဆောင်တချို့မှ စစ်ယူနီဖောင်းချွတ်ပြီး“ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ကို ထူထောင်ကာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။

    ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် အပေါ်စီးအနေအထားဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပေသည်။ အခြားသောနိုင်ငံရေးပါတီများ (တိုင်းရင်းသားပါတီများအပါအဝင်)ပါတီမှတ်ပုံတင်ရေးနှင့် ရန်ပုံငွေ ရရှိရေးတို့အတွက် ရုန်းကန်နေရသည့်ကာလတွင် ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးခရီးစဉ် ဆင်းနေပြီး ဖြစ်ပေသည်။ ကြံ့ဖွံ့အသင်းမှ ကြံ့ခိုင်ရေးပါတီ၏ ရန်ပုံငွေရရှိရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားနေပေသည်။ ရန်ပုံငွေသန်းပေါင်းများစွာလည်း ရှိနေပြီးဖြစ်သည့်အတွက် ကြံ့ခိုင်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် သေချာပေါက် အနိုင်ရရှိအောင် ဆောင်ရွက်နေပေသည်။

    ယခုရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနှင့် ယှဉ်ပြိုင်မည့်နိုင်ငံ တစ်ခုကို ကိုယ်စားပြုသည့် အတိုက်အခံနိုင်ငံရေးပါတီ ကြီးကြီးမားမား မရှိပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်မယှဉ်ပြိုင် နိုင်လေအောင် ဒေါ်အောင်ဆန်းကြည်အား နေအိမ်အကျယ်ချုပ် ချထားပြီး ၄င်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့ဝင်များကို ချုပ်နှောင်ထားပေသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲတွင် မည်သည့်ပြိုင် ဘက်မရှိပဲ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်နေရာ (၅၀) ခန့် ရရှိအောင် ဆောင်ရွက်နေပေသည်။

    အကယ်၍ ယခုရွေးကောက်ပွဲတွင် တပ်မတော်အစိုးရမှ တရားမမျှတစွာ သန့်ရှင်းစွာ မဆောင်ရွက်ပေးနိုင်ပါက နိုင်ငံတကာအစိုးရမှာလည်း အသစ်တက်လာမည့်အစိုးရကို လက်ခံမည်မဟုတ်ပေ။ နိုင်ငံတကာအစိုးရမှ လက်ခံမည်မဟုတ်ပါက တက်လာမည့်အစိုးရ အသစ်ကိုလည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေး အကူအညီပေးမည်မဟုတ်ပေ။

    မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေးအခြေအနေ တိုးတက်မည်မဟုတ်ပါက ရွေးကောက်ပွဲသည်လည်း နိုင်ငံသားအားလုံးအတွက် အဓိပ္ပာယ်မရှိပေ။ နိုင်ငံရေးအရ ဖိနှိပ်မှု ဆက်လက်တည်ရှိပြီး၊ စီးပွားရေး၊ လူမှုရေး မတိုးတက်ပါက ကျနော်တို့ဘဝက ရွေးကောက်ပွဲမတိုင်ခင် အခြေအနေနှင့် ကွာမည်မဟုတ်ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts