spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းသုံးဆူ-သံဖြူဇရပ် လမ်းတလျှောက် ၅ နာရီ နောက်ပိုင်း သွားလာခွင့် မရှိ

    သုံးဆူ-သံဖြူဇရပ် လမ်းတလျှောက် ၅ နာရီ နောက်ပိုင်း သွားလာခွင့် မရှိ

    -

    မင်းအာသံ

    ကေအဲန်ယူနယ်မြေအတွင်း စစ်အစိုးရတပ်များ တိုက်ခိုက်ခံနေရသောကြောင့် ထိုဒေသအတွင်းရှိ ရွာသားများနှင့် ခရီးသည်များအား ညနေ ၅ နာရီနောက်ပိုင်း သွားလာခွင့်ကို စစ်အစိုးမှ ပိတ်ပင်လိုက်သည်။

    ညနေ ၅ နာရီကျော်သွားရင် သွားလာခွင့် မပေးတော့ဘူး၊ အဲဒီအချိန် လွန်သွားရင် ဘာပဲတွေ့တွေ့ ပစ်ဖို့ အမိန့်ပေးထားတယ်ဟု ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူသံဖြူဇရပ်သို့ သွားခဲ့သူတစ်ဦးက ပြောသည်။

    ယခုလပိုင်းအတွင်း ဘုရားသုံးဆူသံဖြူဇရပ်လမ်းတလျှောက်ရှိ ကေအင်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်အစိုးရတပ်များ အကြိမ်ကြိမ်တိုက်ခိုက်ခံနေရပြီး ကျဆုံးခြင်းများ ရှိသည်။

    “အခုလိုလုပ်လိုက်တော့ ခရီးသွားသူတွေ ကားသမားတွေ အခက်အခဲဖြစ်တာပေါ၊ တရက်သွားရမယ့်ခရီးကို နှစ်ရက်သွားတယ်၊ လမ်းမှာ တညအိမ်ရတာပေါ့ ခါတိုင်းတော့ မိုးနည်းနည်းချုပ်လည်း သွားတာပဲလေ၊ အခုက လမ်းမှာ အိမ်တော့ တိုက်ပွဲဖြစ်မှာကိုလည်း ကြောက်ရတယ်၊ လိုရာခရီးလည်း မရောက်၊ ကားသမားတွေအထွက်လည်း အဆင်မပြေဘူးပေါ့” ကားသမားတစ်ဦးက ပြောသည်။

    ဇွန်လ ၁၄ ရက်နေ့မှာ ကေအဲန်ယူတို့မှ စစ်အစိုးရတပ်ကို တောင်စွန်းနှင့် ခုံခန်အကြား ခမရ ၂၈၄ စစ်ကြောင်းကို ရှေ့ထွက်မိုင်းနှင့် ပြောက်ကြားစစ်ဆင်ခဲ့ကာ စစ်အစိုးရတပ်များ ဒဏ်ရာရရှိမှုရှိခဲ့သည်။

    ခမရ ၂၈၄ တပ်ရင်းသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ခလရ ၃၂ တပ်ရင်းနှင့် ဘုရားသုံးဆူမြို့၌ တပ်အပြောင်းအလဲပြုလုပ်ပြီး မိခင်တပ်ရင်းရှိရာသို့ ပြန်လာစဉ် ဘုရားသုံးဆူ-သံဖြူဇရပ်အကြား ဒုတိယအကြိမ် ထပ်မံခြုံခိုတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

    အလားတူ ယမန်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ် ကနဲလေးစခန်းအခြေချ ခမရ (၄၀၅) တပ်ချိန်းပြီးအပြန် မြ၀တီခရိုင်အတွင်းရှိ ဘလယ်ဒို့အရပ်သို့ ရောက်ရှိလာစဉ် ကေအန်အယ်လ်အေ တပ်ရင်း (၁၀၃) လက်အောက်ခံတပ်ခွဲတခုက ခြုံခိုတိုက်ခိုက်ခဲ့ရာ (၁) ဦးကျဆုံးြပီး (၃) ဦး ဒဏ်ရာရရှိသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်လည်း ဘုရားသုံးဆူမှအထွက် မြိုင်သာယာရွာအနီး၌ ကေအဲန်ယူမှ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အဆိုပါ ခမရ ၂၈၄ စစ်ကြောင်းမှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းဌာနအသီးသီးတွင်လည်း ဖေါ်ပြခဲ့သည်။ အဆိုပါနေ့တွင်ပင် မွန်ပြည်နယ် သံဖြူရပ်မြို ့နယ်-ဘုရားသုံးဆူရှိ ဂျပန်တောင်အနီး၌ နအဖ စစ်တပ် ယဉ်တန်းတခုကို KNU တပ်ဖွဲ့၀င်များက ခြုံခို တိုက်ခိုက်လိုက်သောကြောင့် နအဖ တပ်ဖွဲ့၀င် ၁၁ ဦးသေဆုံးပြီး၊ ၂၀ ခန့် ဒဏ်ရာရရှိကြောင်း သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

    ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့တွင်လည်း အင်အား (၄၀) ကျော်ရှိ ခမရ (၄၀၁) တပ်ရင်း စစ်ကြောင်း (၂) ကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခွန်နှင့် တောင်ဒီးကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆) က ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖစစ်သား ၇ ဦး အလောင်းကျန်ခဲ့ပြီး ကေအဲန်အယ်လ်အေမှ ၁ ဦး ကျဆုံးခဲ့သည်။

    ၄င်းပြင်ဇွန်လ ၁၀ ရက်နေ့တွင် မြဝတီမြို့နယ် (ကေအင်ယူ ကော့ကရိတ်မြို့နယ်) အူဟူထာဒေသဘက်တွင်လည်း ကေအင်ယူ ကေအင်အယ်အေ ၂၀၁ တပ်ရင်းက စစ်အစိုးရတပ် တင်ဆောင်လာသော ထော်လာဂျီ ကားနှစ်စီးစာ ဆေးဝါးရိက္ခာများကို သိမ်းယူခဲ့သည်ဟု ကေအင်ယူ တပ်မဟာ ပြောခွင့်ရှိသူ ဗဒိုစောထဲနေက ပြောသည်။

    မြဝတီမြို့တွင်လည်း ယခုသီတင်းပတ်အတွင်း စစ်တပ်က ကင်းလှည့်နေသည်ကို တွေ့မြင်နေရသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ခါတိုင်း သူတို့ ဒီလိုမျိုးလှည့်တာ မတွေ့ရဘူး၊ အခု ကားနဲ့ စစ်ယူနီဖောင်းနှင့် သေနတ်အပြည့်နဲ့ ညတိုင်းလိုလို လှည့်နေတယ်၊ ဒီလိုလှည့်တာ တစ်ပတ်လောက် ရှိပြီဟု မြဝတီမြို့မှ လူငယ်တစ်ဦးက ပြောသည်။

    ယခုကဲ့သုိ့ လုံခြုံရေး များနေသောကြောင့် မြဝတီမြို့ခံများက ညဉ့်နက်ချိန် အပြင်ထွက်နည်းလာသည်ဟု မြို့ခံများက ပြောသည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts