မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မျှော်ရင်း မောရင်း

မျှော်ရင်း မောရင်း

ရေးသားသူ:

မင်းအာသံ။  ။မနက်ခင်းမှာ ကြက်တွန်သံကြားတော့ ပေါက်တူးကိုထန်းပြီး လယ်ကွင်းဆင်းရန် ပြင်ဆင်အခိုက်မှာ မိုးစက်ကလေးလဲမမြင် စောင့်ရင်း မျှော်ရင်း မိုးရွာမလားလို့ ဒါပေမဲ့ မိုးလဲလင်းလာတဲ့အခါ နေကလည်း တသဲသဲတက်လာပြန်တော့ မောရတယ်။ လယ်သမားများ ညည်းသံကို ကြားတော့ အဖိုးအိုခေတ်ကို သတိရမိတယ်။ ထိုခေတ်မှာ ရာသီဥတုကလည်းကောင်းပြီး မိုးစပါးနှင့် နွေစပါးအပါအဝင် ထင်တာထက် ထွက်နှုန်းကောင်းနေတယ်။ အခုနောက်ပိုင်းမှာတော့ လယ်ကွင်းဘက် ရှုလိုက်တိုင်း မပိုင်ဆိုင်ချင်လောက်အောင် ကပ်ခြောက်နေတော့သတည်း။

“ဒုက္ခလှလှတော့ ရောက်နေပါပြီး၊ မျိုးတွေကြဲထားတယ် မျိုးတွေပျိုးထားတာတွေတော့့ မကုန်တကုန်ပါပဲ၊ မိုးသာ ဆက်မရွာဘဲ ဒီအတိုင်းသာ ခြောက်ကပ်ကပ်ဖြစ်နေရင် ကုန်မှာပဲ သေကုန်မှာပဲ မရှိက ရှိကတော့ ဒုက္ခရောက်အုံးမှာ အသစ်တဖန်ပြန်ကြဲ ပြန်ပျိုးဖို့သာ ပြင်ရတော့တယ်” ဟု ဒါဟာ ကရင်ပြည်နယ်၊ မွန်ရွာတရွာမှ လယ်သမားတစ်ဦးရဲ့့ လက်ရှိကြုံတွေ့နေရတဲ့ ဘဝအခက်အခဲပဲဖြစ်ပါတယ်။

ယခုနှစ်နွေကာလရှည်လျားလွန်းတာမို့ မိုးတော်ရုံနဲ့မရွာနိုင်ဘူး၊ လယ်ထဲဆင်းပြီး လယ်ထွန်ဖိ့ု့ မိုးမျှော်နေကြတဲ့ လယ်သမားတွေကလည်း မိုးသံတချက်ကြားတာနဲ့ မျိုးစကြဲတာပေါ့ ဒါပေမဲ့ မိုးက ဆက်မရွာတော့ ကြဲထားတဲ့ မျိုးတွေ သေတာကသေ ခြောက်တာကခြောက် ရေမရှိလို့ အပင်မကြီးနိုင်တော့ ဒုက္ခရောက်ပြီးပေါ့ဆိုပြီး လယ်သမားတွေရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရင်ထဲက သောကတွေကို ဖွင့်ဟဖော်ထုတ်ပြောသွားတဲ့့ စကားသံတွေပဲဖြစ်ပါတယ်။

ခါတိုင်းနှစ်တွေမှာ သင်္ကြန်ကျပြီး သိပ်မကြာခင်မှာပဲ မိုးသံတွေ ကြားလာရပါတယ်၊ လယ်သမားတွေကလည်း လယ်ထဲဆင်း မျိုးစကြဲတော့တာပေါ့ မျိုးကြဲပြီး မိုးကလည်း ဆက်လာတော့ ကောက်စိုက်ဖို့ လှုပ်ရှားရပြန် အဆင်ကိုပြေလို့ သို့သော် ယခုနှစ် မိုးဦးစ နောက်ကျတဲ့အပြင် မိုးသံကြားရပြန်လည်း တချက်ရွာပြီး ပျောက်သွားပြန် ကြဲထားတဲ့့ မျိုးတွေလည်း ခြောက်လို့ သေကုန်တဲ့အနေအထားမှာရှိနေပါတယ်။

“မိုးရွာလို့ မျိုးကြဲကြတာပေါ့ လယ်သမားတွေက မိုးကိုပဲမျှော်နေကြတယ်လေ၊ မျိုးကြဲထားတော့့ မိုးမဆက်တော့ဘူး တရက် နှစ်ရက်ရွာပြီးတော့ ပျောက်သွားရော ခုထိပဲ ကြဲထားတဲ့မျိုးတွေကလည်း ခြောက်ကုန်ပြီး၊ ပြန်ကြဲရတော့မယ်ထင်တယ်၊ ခါတိုင်းနှစ်ဆို ဒီအချိန် ကောက်စိုက်လို့တောင်ပြီးကုန်ပြီလေ၊ ဒီနှစ်တော့ မိုးကလည်းမဆက် မျိုးကလည်းသေ နှစ်ခါပြန်လုပ်ရတယ်” ဟု မျိုးကြဲထားပြီး မျိုးပင်တွေ သေကုန်လို့ ခြောက်ကုန်လိ့ု့ နောက်ထပ်အသစ်တဖန်ပြန်ကြဲဖို့အတွက် ရင်လေးတဲ့စကားသံတွေနဲ့ ပြောသွားတာဖြစ်ပါတယ်။

မွန်ရွာတစ်ရွာမှ လယ်သမားများ ကောက်စိုက်နေစဉ်

လယ်တစ်နှစ်တစ်နှစ်လုပ်လိ့ု့ ကုန်တဲ့ ကုန်ကျစရိတ်တွွေ နည်းတာမှမဟုတ်တာ မျိုးစကြဲတာနဲ့ကုန်တော့တာပဲလေ မျိုးကြဲပြီးလို့ ဝဲထည့် မျိုးက စိုက်ဖို့အရွယ်ရောက်လာရင် ကောက်စိုက်ဖို့ကုန်ပြန်၊ တနှစ်တနှစ်ကလည်း ကုန်ကျစရိတ်တွေ တက်တက်လာနေတာနဲ့ဆို လယ်လုပ်ဖို့လည်း ကုန်ကျစရိတ်တွေကြီးလာနေတယ် လယ်သမားတွေအတွက်တော့ ဘယ်ဘက်ကပဲကြည့်ကြည့် မြတ်တယ်ဆိုတာ မရှိခဲ့ပါဘူးဆိုပြီး လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးရဲ့ လယ်ယာလုပ်ငန်းအတွက် ကုန်ကျစရိတ်ကြီးမားမှုအပေါ် ညည်းညူပြောသွားတာ ဖြစ်ပါတယ်။

ကျနော့်မှာ လယ်များများတော့မရှိဘူး ၂ ဧကခွဲပဲလုပ်နေတာ အဲဒါကိုလုပ်တာ မနှစ်ကဆို ၅ သိန်းကျော် ၆ သိန်းနီးပါးကုန်ကျတယ်၊ မနှစ်ကစျေးနှုန်းနဲ့ပေါ့ ဒီနှစ်တော့ အဲဒီထက်များမှာက သေချာတယ်လေ၊ ဘာလို့လဲဆိုတော့ ကုန်စျေးနှုန်းကြောင့်လေ အဲဒီလောက်ရင်းထားပြီးတော့ စပါးထွက်လာတာ တင်း ၇၀ ကျော်ကျော် ၈၀ နီးပါးလောက်ပဲထွက်တယ်၊ ကျနော် လယ်လုပ်လာတာ မြတ်တယ်ဆိုတာ တခါမှမရှိဖူးဘူး၊ စားရုံလောက်ပဲရတယ်၊ လုပ်လိုက် စားလိုက်နဲ့ ကွက်တိဖြစ်နေတယ်။

သူက အမြတ်နည်းလို့ စပါးသိပ်မထွက်လို့ မလုပ်ပဲ ဒီအတိုင်းပစ်ထားပြန်တော့လည်း နှမြောဖို့ကောင်းတယ်၊ အာဏာပိုင်က လာသိမ်းသွားမှာကိုလည်း စိုးရိမ်နေရတယ်၊ အဲဒါနဲ့ပဲ မရှိက ရှိကနဲ့ မမြတ်ဘူးဆိုလည်း လုပ်ဖြစ်သွားတာပဲ၊ မနှစ်က စပါးပိုးထိလို့ စိတ်တောင်ပျတ်သွားတာ ဒီနှစ်မိုးသံကြားတဲ့အခါ လယ်လုပ်ရန် စိတ်အားမတန်တော့ဘူးလေ အကြောင်းကတော့ မိုးကလည်း မရွာ အခြေနေကောင်းပုံမပေါ်ဘူး၊ မျိုးကြဲထားတာတောင် သေကုန်နေပြီး ရေမရှိလို့ ခြောက်ကုန်ပြီး မိုးလည်းမဆက်ဘူး၊ မိုးဆက်လာရင် ပြန်ကြဲရတော့မယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ နေထိုင်ကြသော ဒေသခံအများစုဟာ အဓိကအားဖြင့့်် ခြံလုပ်ကိုင်ခြင်း၊ လယ်လုပ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။

ခါတိုင်းနှစ်တွေထက် ယခုနှစ်အတွင်းမှာ လယ်သမားများ အခက်အခဲ ပိုမိုရင်ဆိုင်ကြုံတွေ့ွ့နေရပါတယ်၊ အကြောင်းကတော့ ပြီးခဲ့တဲ့ စပါးရိတ်ချိန်မှာ စပါးခင်းတွေကို ပိုးဝင်ဖျက်တာ၊ ကြွက်ဝင်ဖျတ်တာ မိုးလယ်တုန်းက ရေတွေကြီးလို့ စပါးခင်းထဲဝင်ထားတဲ့ရေတွေ တော်ရုံနဲ့ မကျနိုင်လို့ စပါးပင်တွေ သုံးလေးရက် နစ်မြုပ်သွားလို့ ရေပြန်ကျတဲ့အချိန်မှာဆို စပါးပင်တွေလည်း သေကုန်တာပေါ့ အဲဒီအကျိုးဆက်တွေကြောင့် စပါးထွက်ချိန်မှာ မှန်းထားတဲ့ စပါးထွက်နှုန်းက သုံးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်၊ အဲဒီအထွက် လယ်သမားတွေ စားရုံလောက်သာ အနိုင်နိုင်ဖြစ်နေတဲ့ အနေအထားမှာရောက်နေကြပါတယ်။

“ရင်လေးစရာပါပဲဗျာ—- မနှစ်နွေမှာလည်း စပါးလျော့တာ မကုန်တကုန်နဲ့့ အခုမိုးလည်းနောက်ကျပြန်တော့ ကြဲထားတဲ့စပါးစေ့တွေလည်း မိုးမရွာလို့ ရေမရှိလိ့ု့ မသေတသေ ထပ်ကြဲရပြန် ထပ်လုပ်ရပြန် ဒီနှစ်လည်း ချောင်ပုံမပေါ်ဘူး နှစ်ခါလုပ်ရသလို ဖြစ်နေပြီး လယ်သမားတွေ ထမင်းငတ်ကိန်း စိုက်နေပြီ” ဟု မုဒုံမြို့နယ်အတွင်းရှိ တောင်သူလယ်သမားဦးကြီးတစ်ဦးက ပြောသွားပါတယ်။

အခုလို လယ်သမားတွေတောင် ထမင်းနပ်မှန်ဖို့ မနည်းရုန်းကန်နေရသည့် အခြေအနေခိုက်နေပါပြီး၊ လယ်မရှိသူများအား လုပ်စရာခြံတွေလည်းမရှိ ဝမ်းစားအတွက်် တနေ့လုပ် တနေ့စား ရုန်ကန်နေရတဲ့ လူတွေအတွက် ပိုပြီး ဒုက္ခရောက်ရမှာ မလွဲဧကန်ပင်၊ စပါးစျေးတွေကလည်း နေ့တိုင်းဆိုသလို တရွေ့ရွေ့တက်နေပြန်တော့ ဒီနှစ်မှာ လယ်သမားတွေတောင် စပါးအထွက်လျော့လို့ ဆန်ဝယ်စားရတဲ့ အနေအထားမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရသော လက်ရှိ လယ်သမားများ၏ ဘဝတစိတ်တပိုင်းတွေပဲ ဖြစ်ပါတယ်။

လယ်တစ်ဧကမှာ ဘာအဖျက်အဆီးဒဏ်မှမခံခဲ့ရလျှင် ဓာတ်မြေသြဇာတွေလည်း ပုံမှန်ထည့်ပေးနိုင်ရင် စပါးတင်းတစ်ရာနီးပါး ထွက်နိုင်တယ်၊ ဒါပေမဲ့လည်း နှစ်တွေကြာလာတာကတကြောင်း တချို့ကုန်ကျစရိတ်သက်သာဖို့ ဓာတ်မြေသြဇာ လျော့သုံးလာတဲ့အတွက် တစ်ဧကရဲ့ အထွက်နှုန်းဟာ တင်း ၇၀ လောက်သာ ထွက်လာတယ်၊ တနှစ်ထက်တနှစ် လျော့လာတယ်ဆိုပြီး နှစ်ပေါင်း ၃၀ နီးပါး လယ်ကိုသာ အဓိက အသက်မွေးဝမ်းကျောင်းပြုလာခဲ့တဲ့ မုဒုံမြို့နယ်၊ ဒိုးမားကျေးရွာက လယ်သမားတစ်ဦးပဲ ဖြစ်ပါတယ်။

လယ်သမားဆိုတာ လယ်ကိုပဲ အားကိုး အားထား အသက်မွေးဝမ်းကျောင်းပြုကြတော့တာ၊ စပါးစိုက်ပြီး ချမ်းသာကြွယ်ဝသွားတဲ့သူရှိသလို အလယ်လတ်အဆင့် လူ့ပုံအလယ်မှာ နေသွားသည့်သူများလည်းရှိပြီး ငွေကြေးတက်နိုင်သူတွေအနည်းငယ်သာ လယ်တွေအပြင် အခြားအသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ စီးပွားရေး ခြံလုပ်ငန်းစသည့် အလုပ်တွေကိုလည်း လုပ်ဆောင်နေသည်။ သို့သော်ငြားလည်း ၄င်းတို့က အခက်အခဲဆိုတာကို တဘက် မဟုတ်တဘက် အဆင်ပြေနိုင်တဲ့ အနေအထားမှာရှိနေနိုင်သော်လည်း လယ်တမျိုးကိုသာ ဇောက်ချလုပ်ကိုင်သူများအတွက် ယခုလို လယ်ယာက မှန်းသလောက်မထွက်လာတော့ တစ်နှစ်စာအတွက် အခက်အခဲဆိုတာ တပွေ့တပိုက်ပေါ့။

အဲဒီတော့ လယ်သမားတွေ အတိုးယူစနစ်နဲ့ ချေးရတဲ့အခြေအနေကို ရောက်သွားကြတာပေါ့ ဒါဟာ လယ်သမားအများစု နှစ်စဉ်နှစ်တိုင်းဆိုသလို ရင်ဆိုင်နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။

“ကျနော်တို့လယ်သမားတွေ လယ်ကိုပဲ အားကိုးတယ်၊ တခြား မှီခိုစရာ စီးပွားရေး မယ်မယ်ရရဘာမှမရှိပါဘူး၊ လယ်ကထွက်တဲ့စပါး ကောင်းမှ တစ်နှစ်စာအားလုံး အဆင်ပြေသွားမှာပါ၊ ဒီနှစ်လိုမျိုး စပါးအထွက် သုံးပုံပုံ နှစ်ပုံလောက်လျော့သွားတော့ စဉ်းစားကြည့်ပေါ့ ဘယ်လို အခက်အခဲဖြစ်မလဲဆိုတာ၊ နွေတုန်းက ရထားတဲ့ စပါးတွေ စားရုံလောက်ပဲလေ မိုးဦးကျမှာ လုပ်ငန်းအသစ်စဖို့က ရှာကြံရတယ်၊ သူများဆီက ချေးသင့်တာတွေ ချေးရတော့မှာပေါ့” ဆိုပြီး မိုးတွေဆက်လာရင် လယ်ထဲဆင်းဖို့ လိုအပ်တာတွေကို စုဆောင်းနေတဲ့အချိန်မှာ မိုးလဲမှန်မှန်မရွာ မိုးကိုမျှော်ရင်း ရင်မောရင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ပြန်လည်ပြောပြခဲ့တဲ့ လယ်သမား ဦးမောင်ကြည် (အမည်အရင်းမဟုတ်သူ) ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက မွန်ပြည်နယ်အတွင်း လယ်ယာမြေတိုးချဲ့စိုက်ပျိုးရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက လာမည့်နှစ် လယ်မြေ ဧက ၁၀ သိန်း တိုးမြှင့်သွားရန် စီမံကိန်းတခုအနေနဲ့ လျာထားသေးတယ်။ ထိုလျာထားချက်တွေကို ပြည့်မီနိုင်ဖို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြေစာရင်းဌာနနဲ့ ဆည်မြောင်းဌာနတို့ကလည်း ဝိုင်းဝန်းကြိုးပမ်းသွားမှာကိုလည်း တိုင်းမှူးက မွန်ပြည်နယ်ပယခရုံးမှာ ပြောကြားထားတာရှိခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က လယ်ယာမြေ ဧက ၆ သိန်း ကျော်ရှိရာက ၂၀၀၈ ခုနှစ်မှာ ဧက ၇ သိန်းကျော်် တိုးလာခဲ့တယ်လို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာဟောင်းတစ်ဦးက မွန်ပြည်နယ်မှာ လယ်မြေဧက တိုးပွားနေတယ်ဆိုတာကို ထောက်ပြပြောဆိုသွားပါတယ်။ လယ်ဧက တိုးပွားလာဖို့သာမက စပါးအထွက်လည်း ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း မုဒုံမြို့နယ်မှာ တင်း ၆ သိန်း၊ သံဖြူဇရပ်မြို့နယ်မှာ တင်း ၂ သိန်း၊ ချောင်းဆုံမြို့နယ်မှာ တင်း ၄ သိန်း၊ ကျိုက်မရောမြို့နယ်မှာ တင်း ၃ သိန်းနဲ့ ရေးမြို့နယ်မှာ တင်း ၂ သိန်း အထွက်နှုန်းတိုးလာဖိ့ု့့ လျာထားချက်ရှိခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးနှုန်းထားအနေနဲ့ မိုးစပါးစိုက်ဧက ၁၆.၄၃၄ သန်းနဲ့ နွေးစပါးစိုက်ဧက ၃.၄ သန်း စုစုပေါင်းစိုက်ပျိုး မြေဧက ၁၉ သန်းကျော် သန်း ၂၀ နီးပါးရှိပါတယ်။ စပါးအထွက် တင်းသန်းပေါင်း ၁၅၀၀ ရှိသည်ကိုလည်း မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့့့ တောင်သူလယ်သမားများနေ့မှာ နိုင်ငံပိုင်သတင်းမှာ ဖော်ပြသွားတာကို တွေ့ရပါတယ်။

အဲဒီလို နိုင်ငံတော်က လယ်ယာတိုးချဲ့စိုက်ပျိုးဖို့ တနှစ်တနှစ်စပါးအထွက်တိုးဖို့ စီမံကိန်းတွေ ချလာတာနဲ့တပြိုင်နက် တမိုးနှစ်သီးဆိုတမျိုး တနှစ်သုံးကြိမ်ဆိုတပုံ လယ်သမားတွေကို အတင်းစိုက်ခိုင်းလာတာရှိသလို တချို့မြို့နယ်တွေမှာ အထက်က လာကြည့် လာစစ်ဆေးတဲ့အခါမှာ ပြသနိုင်ဖို့အတွက် တာဝန်ကျေရုံစိုက်လာတာလည်း ရှိခဲ့ပါတယ်။ နိုင်ငံတော်က ၁၉၉၃ ခုနှစ်ကစပြီးတော့ တစ်မိုးနှစ်သီးစိုက်ပျိုးရေးကို မူဝါဒတစ်ရပ်အနေဖြင့့်် ချမှတ်လာတာကိုလည်း တွေ့ွ့လာရပါတယ်။

နိုင်ငံတော်က တိုးချဲ့ဖို့စီမံကိန်းကိုပဲ အလေးထားဆောင်ရွက်နေတာ တကယ်တမ်းကျတော့ အခုလို လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးတာမရှိသလို တချို့ဒေသတွေမှာ လယ်သိမ်းတာတို့ လယ်သမားတွေ တနှစ်သုံးကြိမ် တမိုးနှစ်သီးဆိုပြီး အတင်းလုပ်ခိုင်းနေတွေလည်းရှိနေပါတယ်၊ လယ်သမားတွေကို ချေးငွေထုတ်ပေးတယ်ဆိုတာကလည်း တဧကကို တစ်သောင်း နှစ်သောင်းတဲ့ အရင်းလုပ်ဖို့နေနေသာသာ ဓာတ်မြေသြဇာတစ်အိပ်တောင်ရမှာမဟုတ်ပါဘူး၊ ဒါပေမဲ့လည်း လယ်သမားတွေက ဒါဟာ ကိုယ့်အလုပ်ပဲလေ မလုပ်လို့မှမရတာ မလုပ်ပြန်တော့လည်း လာသိမ်းသွားမှာ စိုးရိမ်နေရတယ်လေ အဲဒီတော့ မရှိလည်း လုပ်ရ၊ ရှိတာလေနဲ့့ လုပ်ရန်ပြင်ဆင်အချိန်မှာ မိုးတွင်းကာလ မိုးဦးအစမှာ မိုးကို မျှော်ရတာ တို့လယ်သမားများရဲ့ဘဝ။

About မွန်သတင်းအေဂျင်စီ

Check Also

ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။ …

%d bloggers like this: