spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကေအဲန်ယူတိုက်ခိုက်မှုကြောင့် မြန်မာစစ်သားအများအပြားသေကြေဒဏ်ရာရရှိ

    ကေအဲန်ယူတိုက်ခိုက်မှုကြောင့် မြန်မာစစ်သားအများအပြားသေကြေဒဏ်ရာရရှိ

    -

    ပနွတ်ကျား

    ကေအဲန်ယူတိုက်ခိုက်မှုကြောင့် မြန်မာစစ်သားအများအပြား သေကြေဒဏ်ရာ ရှိခဲ့သည့်ဖြစ်ရပ်များ ပြီးခဲ့သည့်ဇွန်လ (၁၀) ရက်၊ နေ့လည်ပိုင်း၌တစ်နေ့အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

    ပထမဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-အနန်းကွင်းအကြား၊ သံဖြူဇရပ်မြို့မှထွက်ခွာလာကြသော ရတခဗျူဟာ(၂) စစ်ကြောင်း ဂျပန်တောင်စခန်းရှေ့အရောက်တွင် ကေအဲန်ယူပြောက်ကျားနှစ်ဦးက တောင်ပေါ်မှအနီးကပ် တိုက်ခိုက်ခြေမှုန်းခဲ့သည်ဟု သိရသည်။

    ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက “ဗမာစစ်တပ်ကဗျူဟာမှူးနဲ့ သူ့တပည့်တွေစီးလာတဲ့ကားကို KNLA တပ်ရင်း ၁၆ ကတပ်စုမှူးဖိုးထွန်းနဲ့တပည့်တစ်ဦး ခြုံခိုတိုက်ခိုက်တာ လက်ပစ်ဗုံးရော၊ M-79 နဲ့ပါ အဲဒီဂျပန်တောင်ထိပ်ကနေပစ်ချခဲ့တယ်၊ ရှေ့ခန်းမှာပါလာတဲ့ ဗျူဟာမှူး၊ ကားဒရိုင်ဘာနဲ့ စီကနဲကြေးနန်းသမား သုံးယောက်ပဲ လွတ်တယ်” ဟု ပြောပါသည်။

    ထိုသို့အတိုက်အခိုက်ခံခဲ့လိုက်ရသော မြန်မာစစ်ကြောင်းမှာ ရတခလက်အောက်ခံဗျူဟာ(၂) ရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြပြီး တိုက်ခိုက်ခံရစဉ်တွင် မော်တော်ယဉ်ပေါ်ပါ စစ်လက်နက်များ အဆင့်ဆင့်ထပ်မံပေါက်ကွဲမှုကြောင့် သေဆုံးမှုအရေအတွက် များပြားခဲ့သည်ဟု သိရသည်။

    ယင်းဖြစ်စဉ်တွင် ဗမာစစ်သား ၁၁ ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာများရရှိခဲ့ကြောင်း ကေအဲန်ယူတပ်မဟာ ၆ မှထုတ်ဖေါ်ပြောကြားပါသည်။

    ထို့အတူ သံဖြူဇရပ်မြို့စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများအပြောအရ ယင်းဖြစ်ရပ်တွင် ဗမာစစ်သား ၁၅ ဦးသေဆုံးပြီး ၁၈ ဦးမှာဒဏ်ရာများပြင်းထန်သဖြင့် နောက်ဆက်တွဲ သေဆုံးမှုများရှိနေကြာင်း၊ အဆိုပါဒဏ်ရာရစစ်သားများကို သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံနှင့် ခလရ ၆၂ တပ်ရင်းဆေးရုံတွင် ဆေးဝါးကုသပေးလျှက်ရှိကြောင်း သိရသည်။

    ခရီးမိုင်(၆၀) ခန့်ရှိ သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမပေါ် အနန်းကွင်းစခန်းတွင် အခြေချနေသော ရတခဗျူဟာ(၃)နှင့်အပြောင်းအလဲပြုလုပ်ရန် ရတခဗျူဟာ(၂) စစ်ကြောင်းထွက်ခွာလာစဉ် ယင်းသို့အတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

    အခြားဖြစ်စဉ်တစ်ရပ်မှာ ဘုရားသုံးဆူ-အနန်းကွင်းအကြား မြိုင်သာယာရွာအနီး၌ ဘုရားသုံးဆူနယ်စပ်မြို့မှ ရှေ့တန်းပြန်သွားသော ခမရ ၂၈၄ တပ်ရင်းစစ်ကြောင်းအား KNLA တပ်ရင်း ၁၆ ခွဲ ၂ တပ်စုမှူးနာပိုး ဦးစီးသော ကေအဲန်ယူပြောက်ကျားများ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အဆိုပါနအဖစစ်ကြောင်းမှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဗဒိုစောထဲနေက ဆက်လက်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts