spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းကော့သောင်းရှိယာယီပတ်စပို့ရုံးကို ရနောင်းမြို့သို့ ပြောင်းရွေ့ရန်ရှိ

    ကော့သောင်းရှိယာယီပတ်စပို့ရုံးကို ရနောင်းမြို့သို့ ပြောင်းရွေ့ရန်ရှိ

    -

    ကော့သောင်းဆိပ်ကမ်း

    ကွန်းဟဒေ့

    ကော့သောင်းမြို့တွင် ဖွင့်လှစ်ထားသော ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြောင်းရွေ့တော့မည်ဖြစ်သည်။

    ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်သော ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ မိုးတွင်းကာလအတွင်း သွားလာရေးလွယ်ကူစေရန်နှင့် လမ်းတလျှောက်အန္တရာယ်ကင်းမဲ့မှုရှိစေရန် အတွက် ယခုကဲ့သို့ ပြောင်းရွေ့ရန်မည့် အစီအစဉ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ကော့သောင်းရှိ ယာယီ နိုင်ငံကူးလက်မှတ်ရုံးမှ ဝန်ထမ်းတစ်ဦးပြောသည်ကို ကိုးကားပြီး ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

    “ကော့သောင်းနဲ့ ရနောင်းက စင်းလုံးငှားလှေနဲ့ လမ်းမှာ မရပ်ပဲ သွားမယ်ဆိုရင် အသွားအပြန်တစ်နာရီလောက် ကြာတယ်၊ မိုးတွင်းဆို လှိုင်းကြီးမယ်၊ သွားလာရတာ အန္တရာယ်ရှိနိုင်တယ်၊ တချို့ လှေတစ်ခါမှ မစီးဖူးတဲ့အလုပ်သမားတွေလည်း လှိုင်းမူနိုင်တယ် အဲဒါကြောင့် အခုလို လုပ်တာပါ” ဟု ၄င်းက ပြောသည်။

    ရုံးကို ရနောင်းမြို့သို့ ပြောင်းရွေ့ရန် ရုံးစိုက်မည့်နေရာတိုက်ခန်းတွင် ပြင်ဆင်မှုများ ပြုလုပ်နေပြီးဖြစ်သည်ဟု ရနောင်းမြို့တွင် အလုပ်လုပ်နေသော မျက်မြင်သက်သေ အလုပ်သမားတစ်ဦးက ပြောသည်။ သို့သော် ပြောင်းရွေ့မည့်ရက်ကိုသာ အတိအကျမသိရသေးကြောင်း မိုးကုန်ဆုံးလျှင်လည်း ကော့သောင်းသို့ ပြန်လည်ပြောင်းရွေ့မည်ကြောင်း ၄င်းက ဆက်ရှင်းပြသည်။

    “ရနောင်းမြို့မှာ လာပြီးတော့ ပတ်စပို့လုပ်ဖို့ ရုံးဖွင့်မယ်ဆိုရင်တော့ ပတ်စပို့လုပ်မယ့် အလုပ်သမားတွေအတွက် အနည်းဆုံးတော့ ခရီးစရိတ်သက်သာမယ်၊ ရနောင်းနဲ့ ကော့သောင်းကို လှေခ ဘတ်တစ်ရာပေးရတယ်၊ ကော့သောင်းရောက်လို့ ပတ်စပို့ရုံးကို ရောက်ဖို့ကားခ ဘတ်တစ်ရာ ထပ်ကုန်ပြန်၊ စားစရိတ်ပါဆိုရင် ဒီ့ထက်ပိုကုန်မယ်” ဟု ပတ်စပို့လုပ်ခဲ့ဖူးသူ  ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

    ပတ်စပို့လုပ်သူများ အန္တရာယ်မဖြစ်ခင် ကြိုတင်သည့်အနေဖြင့် ယခုလိုလုပ်ရခြင်းဖြစ်ပြီး၊ အန္တရာယ်ဖြစ်ပြီးမှ ရုံးပြောင်းရွေ့မှု လုပ်ပါက နာမည်ဆိုးနှင့် ကြုံရမည်ကို အာဏာပိုင်တို့မှ မလိုလားသောကြောင့် ယခုလို ပြုလုပ်ရသည်ဟု အထက် ကော့သောင်းမြို့ခံက ပြောသည်။

    ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့က လူ ၁၉ ဦး တင်ဆောင်လာသောလှေတစ်စီး ကော့သောင်းမှ ရ နောင်းသို့အသွား တိမ်မှောက်သွားရာ ၁၁ ဦးပျောက်ဆုံးသွားသည်။ မိုးတွင်းချိန်မှာ မိုးသက်လေပြင်း ကျပြီး လှိုင်းကြီးတတ်သောကြောင့် တနင်္သာရီကမ်းရိုးတန်းတလျှောက် ပြေးဆွဲနေသော အမြန်ယာဉ် ပြေးဆွဲမှုကို ၄ ရက်ခန့်ရပ်နားခဲ့ရပြီး လွန်ခဲ့သော တစ်ပတ်ခန့်ကမှ ပြန်လည်ပြေးဆွဲခဲ့သည်။

    မိုးတွင်းကာလအတွင်း ကော့သောင်းမြို့ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရနောင်းသို့ ပြောင်းရွှေ့မည်အစီအစဉ်ကို မေလ ၂၇ က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် ထိုင်းနိုင်ငံ ရွေ့ပြောင်းအလုပ်သမားများ ညှိနှိုင်းအစည်းအဝေးမှာ မှတ်ချက်ချခဲ့သည်ဟု ပြည်တွင်းရှိ ခေတ်လူငယ်သတင်းက ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. I love your website! did you create this yourself or did you outsource it? Im looking for a blog design thats similar so thats the only reason I’m asking. Either way keep up the nice work I was impressed with your content really..

    2. I just wanted to comment and say that I really enjoyed reading your blog post here. It was very informative and I also digg the way you write! Keep it up and I’ll be back to read more in the future

    3. I just wanted to comment your blog and say that I really enjoyed reading your blog post here. It was very informative and I also digg the way you write! Keep it up and I’ll be back to read more soon mate

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts