မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ၂၀၁၀ ရွေးကောက်ပွဲ၊ ပြည်သူနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဥပဒေအခွင့်အရေး

၂၀၁၀ ရွေးကောက်ပွဲ၊ ပြည်သူနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဥပဒေအခွင့်အရေး

ရေးသားသူ:

ဗညာဟံသာ

ရွေးကောက်ပွဲသည် ဒီမိုကရေစီနှင့် ခေတ်မီသော ကမ္ဘာ့နိုင်ငံရေး အစိုးရတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ နိုင်ငံ တစ်ခု၏အခြေခံအုတ်မြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားဆုပ်ကိုင်ထားပြီး ၄င်းက ပြည်သူလူထုနှင့် ၄င်းနိုင်ငံသားတို့၏ နိုင်ငံရေးအခွင့်အရေးများကို အာမခံပေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ်ငယ်တိုင်းသည် နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အာမခံပေးရမည်။ မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေး ကောက်ပွဲအသစ်သည် ၄င်းအခွင့်အရေးများ ပကတိရုပ်လုံးပေါ်အောင် စမ်သပ်စစ်ဆေးရမည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပါသည်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည့်နိုင်ငံတွင် ၄င်းပြည်ထောင်စုပုံစံစနစ်နှင့် ညီညွတ်သော အုပ်ချုပ်ရေးမူကို လက်တွေ့တွင် မကျင့်သုံးနိုင်သေးပေ။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနေ့မှာပင် ၄င်းဒီပနီများမှာ ရှုံးဆုံးခဲ့ရသည်။ ဗဟိုအစိုးရနှင့် တိုင်းရင်းသားအခြေပြု ပြည်နယ်များအကြား အာဏာမျှပေးဝေမှု မညီမျှခြင်းကြောင့် တိုင်းပြည်အတွင်း ပြည်တွင်းစစ်ပဋိပက္ခမှာ ရာစုနှစ်ဝက်နီးပါးကို အစေ့ပျိုးခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယားနှင့် အခြားသော တိုင်းရင်းသားများသည် ၁၉၆၀ ခုနှစ်အထိ တိုက်ပွဲဝင်လာခဲ့သော်လည်း ဗမာ များလွှမ်းမိုးသော အစိုးရများမှ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများထဲတွင်လည်း တိုင်းရင်းသား အရေးကို ငြင်းပယ်နေခဲ့ပြန်သည်။ တိုင်းရင်းသားခေါင်းဆောင်တို့သည် ယနေ့တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ၄င်းတို့၏ ကိုယ်ကံကြမ္မာနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး စသည့်အခွင့်အရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းပြီး တိုက်ခိုက်ရန်မှတပါး အခြားမရှိသေးပေ။ ၄င်း တိုက်ပွဲသည်လည်း ယနေ့တိုင် မပြီးဆုံးသေးပေ။

၂၀၀၈ ခုနှစ် မေလ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှ အတင်းအကျပ် ပြင်ဆင်ထုတ်ပြန်ထားသည့် ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်သည် ဗမာလူမျိုးမဟုတ်သည့် တိုင်းရင်းသားများကို ချုပ်ကိုင်နိုင်ရန် ကြံစည်ကြိုးစားအားထုတ်ခြင်းဖြစ်သည်။ စာမျက်နှာ ၁၉၄ တွင် ပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲအားလုံးလိုလိုတွင် တိုင်းရင်းသားလူမျိုးများနှင့် ပြည်နယ်ဥပဒေအာဏာ အနည်းအကျဉ်းသာပါရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်သည် တိုင်းရင်းသားခေါင်းဆောင်များ တောင်းဆိုထားသည့် “ဖက်ဒရယ်ပြည်ထောင်စု” ပုံစံထက်  မြန်မာစစ်အစိုးရလိုလားသော တစ်ပြည်ထောင်ပုံစံ “ပြည်ထောင် စုညီညွတ်ရေး” သဘောထားအပေါ်တွင်သာ အခြေခံသည်။

မွန်ပြည်သစ်ပါတီ၊ မွန်ပြည်နယ်ရှိ နိုင်ငံရေးအဖွဲ့အစည်းနှင့် ပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် ရေးဆွဲရန်နှင့် ဖွဲ့စည်းပုံပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးရန် ယခုလက်ရှိ မြန်မာစစ်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံသို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော်လည်း မြန်မာစစ်အစိုးရမှ ၄င်းဖွဲ့စည်းပုံကို အများပြည်သူများ ဆွေးနွေးခြင်းအပေါ် ပြန်လည်ရေးဆွဲရန် ငြင်းပယ်ခဲ့သည်။

မွန်ခေါင်းဆောင်များလည်း နောက်ဆုံးတွင် ၄င်းဖွဲ့စည်းပုံကို ငြင်းပယ်ခဲ့ကာ မြန်မာစစ်အစိုးရတို့၏ နယ်ခြားစောင့် တပ် ဖွဲ့စည်းခြင်းကိုလည်း လက်ခံရန် သဘောမတူခဲ့ပေ။ မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ ဆက်ဆံရေးသည်လည်း အချို့သောကာလများတွင် တင်းမာမှုရှိခဲ့သည်။ ထို့ကြောင့် မြန်မာစစ်အစိုးရမှ ၄င်းတို့၏ အာဏာကိုသုံး၍ ဒီမိုကရေစီလှုပ်ရှားသူ စာချမွန်ရဟန်းပျိုအား မှတ်စုကွန်ပျုတာနှင့် ၂၀၁၀ ရွေး ကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်းကိုင်ဆောင်မှုဖြင့် စွဲချက်တင်ခဲ့သည်။ မြန်မာရဲတပ်ဖွဲ့မှ စာချရဟန်းပျိုအား လွန် ခဲ့သည့်လတွင် ထိန်းသိမ်းနှိပ်စက်ခဲ့သည့်အပြင် တရားဥပဒေဘောင်အတွင်း ရှေ့နေများကိုလည်း တွေ့ခွင့်မပေးခဲ့ပေ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများ အတွက် တစ်ခုတည်းသောလမ်းစဉ်သစ်ဖြစ်သည်။ မြန်မာစစ်အစိုးရမှ အတိုက်အခံပါတီ၊ ဗမာမဟုတ်သည့် တိုင်းရင်းသားခေါင်းဆောင်တို့၏ တောင်းဆိုချက်ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ် ရေးဆွဲခြင်းမပြုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် ရယ်စရာပြက်လုံးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

လာမည့်ရွေးကောက်ပွဲတွင် မြန်မာစစ်အစိုးရမှ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်များအား မြန်မာနိုင်ငံ သားအားလုံးကို အတင်းအဓမ္မ ဆန္ဒမဲပေးခိုင်း၍ ရလာသည့်ရလဒ်ကို နိုင်ငံတကာမှ လက်ခံပါက မြန်မာနိုင်ငံသည် စစ်အာဏာရှင်အုပ်စိုးသော နိုင်ငံတစ်ခုသာ အမြဲတမ်း ဖြစ်သွားပေလိမ့်မည်။ မြန်မာစစ်အစိုးရသည် တိုင်းရင်းသားတို့၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူများကို ဥပဒေဆိုင်ရာနည်းလမ်းဖြင့် ဇွတ်အတင်း “နယ်ခြားစောင့်တပ်ဖွဲ့” အဖြစ် ၄င်းတို့၏ ဥပဒေဘောင်အောက်တွင် ပြောင်းလဲဖွဲ့စည်းစေပြီး ၄င်းတို့စစ်တပ်အောက်တွင် ကြီးကြပ်ကွပ်ကဲမည်။ တိုင်းရင်းသားခေါင်းဆောင်တို့သည် ၄င်းတို့၏ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

မွန်ပြည်နယ်၏ နိုင်ငံရေးအဖွဲ့အစည်း မွန်ပြည်သစ်ပါတီနှင့် ၄င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် မွန်ပြည်သူလူထုတို့၏ စိတ်ဝင်စားမှုပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန် ပြည်တွင်းရှိမွန်နှင့် ပြည်ပရှိမွန်တို့၏ ထင်မြင်ချက်ကို တောင်းခံခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းသုံးဆယ်ကျော်မှ ရွေးကောက်ပွဲဆန့်ကျင်သည့် လှုပ်ရှားမှုကို ရိုးရာ “မီးပုံးပျံ” များ လွှတ်တင်ခြင်းဖြင့် ၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လှုပ်ရှားခဲ့သည်။ ၄င်းမီးပုံပျံလှုပ်ရှားမှုမှ မြန်မာစစ်အစိုးရအား ဒေါသဖြစ်စေကာ ပြည်နယ်အတွင်းရှိ လူမှုလှုပ်ရှားရေးအဖွဲ့အစည်းများကို နှိမ်နင်းခဲ့သည်။ ၄င်း၏အကျိုးဆက်မှာ မွန်ဂီတနှင့် မွန်ဘာသာစကားအဖွဲ့အစည်းတို့မှာ စောင့်ကြည့်ခံရသည့်စာရင်းထဲ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကျော်ခန့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်သွားနေပါသည်။ သို့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်သည် နိုင်ငံသားနှင့် နိုင်ငံသားတို့၏ အ ခွင့်အရေးများအတွက် ယခုတိုင် အာမခံပေးမှု မရှိသေးပေ။ လက်ရှိမြန်မာစစ်အစိုးရမှ နိုင်ငံရေးအရ ပို၍ကြီးမာသော တွေ့ဆုံဆွေးနွေးရေးနှင့် အများပါဝင်ခွင့်ပြုရန်အတွက် မြန်မာစစ်အစိုးရအား ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်တို့မှ ဖိအားပေးရန် မြန်မာပြည်သူလူတို့က တောင်းဆိုခဲ့သည်။ ၄င်းတောင်းဆိုမှု သည် နှစ်ပေါင်းများစွာ လျစ်လျူရှု ခံခဲ့ရသည်။

မတူညီကွဲပြားခြင်းအတွင်း သွေးစည်းညီညွတ်ခြင်းတစ်ခုမှ လူ့အဖွဲ့အစည်းတို့၏ အသိအမှတ်ပြုခြင်း မရှိခဲ့လျှင် ပြည်ထောင်စုနေ့သည်လည်း လေးနက်မှုမရှိချေ။ ကျန်ရှိနေသည့် မြန်မာပြည်သူများအတွက် နိုင်ငံသားတိုင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အရေး အထူးသဖြင့် ဗမာမဟုတ်သည့် အခြား ပြည်နယ်ခုနှစ်ခုတို့၏ အခွင့်အရေးကို ခိုင်ခိုင်ခန့်ခန့် အာမခံချက်ပေးရန် ကျန်ရှိနေသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်ကို လူသိရှင်ကြား ပြည်သူများထံ ဝေဖန်ဆွေးနွေးခြင်းမရှိပါက မြန်မာစစ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို လိုလား၍သော်လည်းကောင်း ဆန့်ကျင်၍ သော်လည်းကောင်း ဘာမျှထူးခြားလာလိမ့်မည်မဟုတ်ပေ။ နိုင်ငံတကာခေါင်းဆောင်တို့သည် တိုင်းပြည်၏ အကောင်း ဆုံးစိတ်ဝင်စားမှုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသစ်အပေါ်တွင် အများပြည်သူနှင့် ဝေဖန်ဆွေးနွေးရန်အတွက် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာပြည်သူတို့အား တိုက်တွန်းထောက်ပံ့ရမည်။ သြစတေး လျ၊ ဗြိတိန်နှင့် အမေရိကန်ကဲ့သို့သော ဒီမိုကရက်တစ်နိုင်ငံများက မြန်မာနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲသော တရားသူကြီး၊ ရှေ့နေများကို သင်တန်းပေးသင့်သည်။

ရွေးကောက်ပွဲသည် ခေတ်မီသော ဒီမိုကရေစီအစိုးရ၏ အခြေခံဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရမှ ကမကထပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲအသစ်သည် ရာစုနှစ်ဝက်နီးပါး ဒဏ်ရာအနာတရဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအတွက် ကျွန်ပြုမှုတစ်ခု ဖြစ်သည်။

အတင်းအကျပ် ပြင်ဆင်ထုတ်ပြန်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်အား ဖျက်ဆီးရမည်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ညီမျှသော ကိုယ်စားလှယ်များနှင့်အတူ ခေတ်မီသည့် စစ်မှန်သော “ဖက်ဒရယ်ပြည်ထောင်စု” ပုံစံကို ရေးဆွဲရမည်ဖြစ်သည်။ ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံ သို့မဟုတ် အခြားသောနိုင်ငံများမှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ဆိုင်သော ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီတို့ ပူးပေါင်းပြီး အမျိုးသားညီလာခံ ချမှတ်ပြဌာန်းခြင်းဖြင့် ခေတ်မီသော ဖွဲ့စည်းပုံသစ်ကို စမ်းသပ်စစ်ဆေးရလိမ့်မည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် အလွန်ရှည်လျားသောလမ်းတစ်ခုဖြစ်သည်။ ညီမျှသော တိုင်း ရင်းသားကိုယ်စားလှယ်အားလုံးမှ ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်နှင့် လက်ရှိမြန်မာစစ်အစိုးရမှ ကိုယ်စားလှယ်အစုတို့ဖြင့် ခေတ်မီသော အကောင်းဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲခြင်းသည် မြန်မာနိုင်ငံရေးပဋိပက္ခ ဖြေရှင်းရာတွင် အမှန် ကန်ဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ ခေတ်မီသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ဆွေးနွေးရန်အတွက် အမျိုးသားညီလာခံကို ရက်ပေါင်း ၆၀ ကျင်းပပေးသင့်သည်။ မြန်မာနိုင်ငံသားများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပညာရပ်နှင့်ဆိုင်သော ကျွမ်းကျင်သည့် အဖွဲ့များအား ထင်မြင်ချက်များပေးရန် နှင့် ဝေဖန်ဆွေးနွေးရန်အတွက်  အနည်းဆုံး ရက်ပေါင်းတစ်ရာ ပေးသင့်သည်။ ဖက်ဒရယ်ပြည်ထောင်စု ရွေးကောက်ပွဲအသစ်ကို ၂၀၁၁ သို့မဟုတ် ၂၀၁၂ အစောပိုင်းတွင် ကျင်းပပေးသင့်ပြီး ၄င်းနောက်ပိုင်းတွင် ပြည်နယ်ရွေးကောက်ပွဲကို အချိန်မီကျင်းပနိုင်မည်။

ပြည်တွင်းစစ်သည် နိုင်ငံရေးပန်းတိုင်များအတွက် ဖြေရှင်းရန် အဖြေမဟုတ်ပါ။ စစ်အစိုးရဥပဒေများကို နိုင်ငံ တော်အထက် နေရာပေးခြင်းသည် မှားယွင်းသည့်နည်းလမ်းဖြစ်သည်။ ပြည်တွင်းစစ်ရော စစ်အုပ်ချူပ်ရေးပါ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်အောင် မပြောင်းလဲပေးနိုင်ပေ။ တခုတည်းသော နည်းလမ်းမှာ နိုင်ငံသားအားလုံးနှင့် ဗမာမဟုတ်သော ပြည်နယ်များအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအခွင့်အရေး များအပေါ် အာမခံပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည်ရေးဆွဲခြင်းသည် ကပ်ဆိုက်သည့် အကျပ်အတည်းကာလသို့ ချဉ်းကပ်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပြည်ထောင်စုနေ့သည် မတူ ညီကွဲပြားခြားနားခြင်းမှ သွေးစည်းညီညွတ်ခြင်းနှင့် ရည်ရွယ်ချက်ထဲမှ ညီညွတ်ခြင်းဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။ …

%d bloggers like this: