spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်း(၄) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ ဘန်တောင်ယန်၌ကျင်းပ

    (၄) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ ဘန်တောင်ယန်၌ကျင်းပ

    -

    ပနွတ်ကျား

    (၄) ကြိမ်မြောက် ထားဝယ်အမျိူးသားနေ့ကို ထိုင်း-မြန်မာနယ်စပ် ဘန်တောင်ယန်ဒုက္ခသည်စခန်းရှိ ထားဝယ်လူမျိုးတို့က ယနေ့ နံနက် ၈နာရီမှာ ကျင်းပခဲ့ကြသည်။

    ထိုအခမ်းအနားသို့ ထားဝယ်လူမျိုးများနှင့် ဒုက္ခသည်စခန်းရှိ ကရင်၊ မွန်လူမျိုးများအပါအဝင် စုစုပေါင်း လူ ၂၀၀ ကျော်တက်ရောက်သည်။

    အခမ်းအနားမှာ ထားဝယ်အမျိုးသားများ မိမိလူမျိုးတို့၏ ဘာသာစကား၊ စာပေတွေကို ယုံကြည်ချက်အပြည့်ဖြင့် ဆက်လက်ရပ်တည်သွားရန်နှင့် ထားဝယ်လူမျိုးတစ်ရပ်အနေနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ ကိုထွန်းလွန်းဦးက ပြောကြားသွားသည်။

    ကိုထွန်းလွန်ဦးက “ထားဝယ်လူမျိုးဆိုတာ လူမျိုးစုတစ်စုပါ ကိုယ့်သမိုင်းနဲ့ကိုယ်ရှိလာတဲ့လူမျိုးပါ တချို့ဆို ကိုယ့်ကိုကိုယ်  ဘာလူမျိုးမှန်းလည်း မသတ်မှတ်ဘူး၊ ထားဝယ်စကားပြောရမှာကိုတောင် အားငယ်နေကြတာ လူမျိုးရေးမှာ လေးနက်စမ်းပါ ဒီလိုမှ မဟုတ်ရင် ဗျူလူမျိုးလို လူမျိုးပျောက်ကွယ်သွားမှာဗျ” ဟု အခမ်းအနားမှာ ပြောကြားသည်။

    လူမျိုးတစ်ရပ်အနေဖြင့် ရပ်တည်သွားနိုင်ရန် အသင်းအဖွဲ့ စတင်ဖွဲ့စည်းလာရာမှ ယခုနောက်ပိုင်း ထားဝယ်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းတစ်ရပ်အနေဖြင့် ပေါ်ပေါက်လာပြီ၊ ထိုအသင်းမှ ယနေ့ကျင်းပသည့် ထားဝယ်အမျိုးသားနေ့ကို ပထမဦးဆုံး စတင်သတ်မှတ် အခမ်းအနားကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄) ကြိမ်မြောက်ခဲ့ပြီးဖြစ်သည်။

    ထားဝယ်လူမှုဖွံ့ဖြိုးရေးတာဝန်ခံ ကိုထွန်းလွန်ဦးက “၂၀၀၅-၂၀၀၆ ခုနှစ်လောက်မှ အဖွဲ့အစည်းတွေ ဖွဲ့လာတာ ဒီနောက်ပိုင်း ထားဝယ်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ကနေ ထားဝယ်အမျိုးသားထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့အနေနှင့် အောင်လံမြို့နယ်မှာ ကျဆုံးသွားတဲ့ ထားဝယ်အမျိုးသား ဗိုလ်မှူးကြီးဗထူးကို အစွဲပြုပြီး ဇွန်လ ၂ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် ကျနော်တို့ သတ်မှတ်ထားရာကနေ ဒီကနေ့ထိပဲ” ဟု သူက ဆက်ပြောသည်။

    ထာဝယ်အမျိုးသားနေ့ကို ၂၀၀၇ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ယနေ့ဆိုလျှင် (၄) ကြိမ်မြောက် အခမ်းအနားကိုပင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

    ယခုနှစ်အခမ်းအနားမှာ ယမန်နှစ်နှင့်စာလျှင် ပိုအားရပါသည် အကြောင်းမှာ ယခင်နှစ်တွေက ထားဝယ်လူမျိုးအချင်းချင်း အဆက်အသွယ်သိပ်မရှိသည့်အတွက် စခန်းအနားတဝိုက်ရှိလူတွေနဲ့သာ ကျင်းပနိုင်ခဲ့ပြီး၊ ယခု ၂၀၁၀ နှစ်မှာ ပြည်ပရောက် ထားဝယ်သူတွေနှင့် ချိတ်ဆက်မှုတွေပိုရလာတဲ့အတွက် လုပ်ဆောင်ရမယ့်အလုပ်တွေ တက်တက်ကြွကြွပါဝင်လှုပ်ရှားနိုင်လို့ အရင်နှစ်တွေထက် ပိုအားရလာသည်ဟု ၄င်းက ဆက်ပြောသည်။
    ထားဝယ်အမျိုးသားနေ့တွင် ပါဝင်ဆောက်ရွက်ခဲ့သူ အမျိုးသမီးငယ်တစ်ဦးက “ထားဝယ်အမျိုးသားနေ့အခမ်းအနား ဒီလိုဖြစ်မြောက်သွားတာ အရမ်းဝမ်းသာပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ကိုယ့်ထားဝယ်လူငယ်အသင်းမှာ ဒီလိုတက်တက်ကြွကြွ ပါဝင်ဆောက်ရွက်ရတဲ့အတွက်မို့ပါ နောင်နှစ်တွေမှာလည်း ဒီ့ထက်ပိုစည်ကားအောင် လူတွေပိုစုမိအောင် လူငယ်တစ်ယောက်ရဲ့တာဝန်အနေနဲ့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ ပါဝင်လှုပ်ရှားသွားမယ်” ဟု သူမက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts