spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းWorld vision မှ စာသင်ကျောင်းအသစ် တည်ဆောက်ပေးနေ

    World vision မှ စာသင်ကျောင်းအသစ် တည်ဆောက်ပေးနေ

    -

    မိကျလွန်းထော

    World vision မှ ပငကျေးရွာတွင် ပျက်စီးနေသော မူလတန်း စာသင်ကျောင်းကို မုန်တိုင်ခံ ကွန်ကရစ်ကျောင်းအဖြစ် တာဝန်ယူ တည်ဆောက်ပေးနေသည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အနောက်ရပ်ရှိ ပျက်စီးနေသော မူလတန်းကျောင်ဆောင်ကို ပြည်တွင်းအခြေစိုက် NGO အဖွဲ့တစ်ဖွဲ့ဖြစ်သည့် World vision မှ မေလ ၂၀ ရက်နေ့မှစပြီး၊ တစ်လအတွင်း အပြီးသတ် တည်ဆောက်ပေးမည်ဟု သိရသည်။

    အစိုးရမှ ထောက်ပံ့မှု အားနည်းနေခြင်းနှင့် ကျေးရွာအဖွဲ့အစည်းမှ ပြန်လည်တည်ဆောက်ရန် ပ့ံပိုးမှု အခက်အခဲဖြစ်နေခြင်းကြောင့် ၄င်း World Vision အဖွဲ့မှ ငွေကျပ် သိန်း ၃၀၀ အကုန်ကျခံကာ တည်ဆောက်ပေးသွားမည်ဟု ၄င်းအဖွဲ့မှ ဖွံ့ဖြိုးရေးတာဝန်ခံတစ်ဦးက ပြောသည်။

    “ကျောင်းကတော့ အစိုးရကျောင်းပဲ၊ ဒါပေမဲ့ အားလုံးတော့ သူတို့မပံ့ပို့ပေးဘူး၊ အခုဆို  ပညာရေးဌာနကနေ ၃၀ ရာခိုင်နှုန်း ထောက်ပံ့ပေးတယ်၊ ကျောင်းသားမိဘတွေအနေနဲ့ကတော့ လုပ်အားအနေနဲ့ပဲ ပါဝင်ကူညီမှာဖြစ်တယ်” ဟု ၄င်းတာဝန်ခံက ပြောသည်။

    သို့သော်လည်း ရွာခံနှင့် ဆရာ ဆရာမတို့ဦးဆောင်ပြီး ရွာအတွင်း ထိုကျောင်းဆောင်အတွက် လှည့်လည် အလှုခံထွက်နေသည်ဟု ပငရွာသားတစ်ဦးက ပြောသည်။

    “အဲဒီကျောင်းက ပျက်စီးနေတာ တော်တော်ကြာနေပြီး၊ အခုမှပဲ အသစ်ပြန်ဆောက်ဖြစ်တာ၊ တအိမ်ဘယ်လောက် ထည့်ရမယ်ဆိုပြီး မတောင်းပါဘူး၊ ဒါပေမဲ့ စေတနာရှိသလောက်တော့ ထည့်လို့ရတယ်” ဟု ၄င်းရွာသားက ဆက်ပြောသည်။

    ပငကျေးရွာတွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၅ ကျောင်းရှိပြီး၊ ၄င်းပြန်လည်တည်ဆောက်မည့် မူလတန်းကျောင်းတွင် ကျောင်းသားဦးရေ ၁၂၀ ပညာသင်ယူနေသည်။

    “အခုလို တည်ဆောက်ပေးတာတော့ အရမ်းကောင်းပါတယ်၊ အဲဒီကျောင်းကလည်း ပျက်စီးနေတာတော်တော်ကြာနေပြီး” ဟု ထိုင်းနိုင်ငံရောက် ပငရွာခံ တစ်ဦးက ပြောသည်။

    World vision အဖွဲ့သည် အစိုးရမဟုတ်သော (NGOs) အဖွဲ့ဖြစ်ပြီး၊ ကျန်းမာရေ၊ ပညာရေးအစရှိသည့် ထောက်ပံ့မှုများကို အစိုးရနှင့် ပူးပေါင်းပြီး၊ ပြည်တွင်း၌ ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

    ထိုမျှမက ပြီးခဲ့သည့် လအနည်းငယ်ကလည်း သံဖြူဇရပ်မြို့နယ် ကလိုင်ပဒေါကျေးရွာ မူလတန်းကျောင်းကိုလည်း ၄င်း World vision အဖွဲ့မှ ငွေကျပ် သိန်း ၂၀၀ အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။

    ပငကျေးရွာသည် မွန်ပြည်နယ်အတွင်း အိမ်သုံးဆား အများဆုံးထွက်ရှိရာ ကျေးရွာအဖြစ် လူသိများခဲ့သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. I really enjoyed reading your post here and I just wanted to tell you that I totally agree with what you’re saying! It’s hard to find people that think alike these days. Keep it up

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts