spot_img
Saturday, April 20, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်စစ်အစိုးရ၏ နယူးကလီးယားအစီအစဉ်နှင့် ဒေသလုံခြုံရေး

    စစ်အစိုးရ၏ နယူးကလီးယားအစီအစဉ်နှင့် ဒေသလုံခြုံရေး

    -

    မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံအဖွဲ့ဝင် တနိုင်ငံဖြစ်ပေသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မူဝါဒသဘောထားကား အာဆီယံနိုင်ငံများတွင် လူသားမျိုးဆက်တို့အား ပျက်နန်းခြိမ်းခြောက်နေသည်။ “နယူးကလီးယားလက်နက်မဲ့ရုံ” အဖြစ် ထားရှိရန် သဘောတူခဲ့ပေသည်။ ထို့ကြောင့်သာ မြန်မာနိုင်ငံအား အာဆီယံနိုင်ငံအသင်းဝင်အဖြစ် နိုင်ငံများက လက်ခံခြင်း ဖြစ်ပေသည်။

    သို့ရာတွင် မကြာသေးမီက၊ စစ်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့်အရာရှိတစ်ဦး၏ တွက်ဆိုချက်အရ စစ်အစိုးရသည် ရုရှားမှ အတတ်ပညာများကိုရယူကာ၊ မြောက်ကိုးရီးယားနိုင်ငံ၏ ပစ္စည်း အကူအညီဖြင့် နယူးကလီးယားလက်နက် (တာဝေးပစ်ဒုံးပျံနှင့် အခြားလက်နက်များ) ထုပ်လုပ်ရန် စီစဉ်နေသည်ဟု သိရပေသည်။ အကယ်၍ စစ်အစိုးရအနေဖြင့် ဤအကြံအစည်ကြီးအား ကြံစည်နေမည်ဟုဆိုပါမူ၊ လက်ရှိအာဆီယံအသင်း၏ ငြိမ်းချမ်းရေးအပေါ် သဘောတူညီချက်အား ဖောက်ဖျက်သကဲ့သို့ ဖြစ်နေပေသည်။

    စစ်အစိုးရ၏ ကြွေးကြော်သံတရပ်တွင် “ခေတ်မီတပ်မတော်တည် ထောင်ရေး” ဆိုသည့်အချက်အား ထည့်သွင်းထားခြင်းမှာ အနာဂတ်မြန်မာနိုင်ငံတွင် နယူးကလီးယားလက်နက်အပြင် အခြားခေတ်မီ လက်နက် အများအပြားပါဝင်သည့် တပ်မတော်တရပ်ကို ထူထောင်လိုသည့် သဘောရှိပေသည်။ စီးပွားရေးအရ မွဲပြားကျနေပြီး မြန်မာနိုင်ငံသား အများအပြား ဆင်းရဲတွင်းထဲနေသည့်ကာလတွင် စစ်အစိုးရမှ ဤ အကြံအစည်ကြီးကို ကြံရက်နေခြင်းဟု အံ့သြရပေသည်။

    စစ်အစိုးရမှ အဘယ့်ကြောင့် ဤကဲ့သို့ စစ်အင်အားကို အကြီးအကျယ်တည်ဆောက်နေပါသနည်း။ မည်သူသို့အား ခြေမှုန်းရန် ဆောင်ရွက်ခြင်း ဖြစ်ပါသနည်း။ စစ်အစိုးရမှ မည်သည့်နိုင်ငံများနှင့် အင်အားချိန် စခွင်လျာညှိနေခြင်း ဖြစ်ပါသနည်း။ စသည့် ဒွိဟများ ဖြစ်စေပါသည်။

    စစ်အစိုး၏ အစီအစဉ်ကား မြန်မာနိုင်ငံရေးအာဏာကို မိမိတို့၏ လက်ထဲတွင် ထာဝရထားရှိကာ တပ်မတော်ကို အကြီးအကျယ် တည်ဆောက်ရန်ဖြစ်ပေသည်။ နိုင်ငံတကာဖိအားပေးမှုကြောင့် ၂၀၁၀ ရွေး ကောက်ပွဲကို ကျင်းပပေးသည်ဆိုသည့်အတိုင်း ရွေးကောက်ပြီးသည့် ကာလ၌ နိုင်ငံရေးအာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် တပ်မတော် စီစဉ်နေပေသည်။ သို့မှသာစစ်တပ်မှ ထိန်းချုပ်ထားသည့် ၂၀၁၀ ရွေး ကောက်ပွဲ အလွန်အစိုးရသည် တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် ထူထောင်နိုင် ပေမည်ဖြစ်ပေသည်။

    စစ်အစိုးရ၏ အစီအစဉ်တွင် “မြန်မာနိုင်ငံတွင် တခုတည်းသော တပ်မတော်သာ” ရှိရာမည် ဆိုသည့်စကားကြောင့် တပ်မတော်ပထမ တာဝန်ကား တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတို့အား အပြတ်ချေမှုန်းရေးပင် ဖြစ်လေသည်။ တိုင်းရင်းသားအင်အားစုတို့ အားချေမှုန်ပြီး၊ နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်မည်ဆိုပါက အိမ်နီးနားချင်း နိုင်ငံတိုက်လုံ ခြုံရေးကိုပါ ခြိမ်းခြောက်နိုင်မည် ဖြစ်ပေသည်။

    စစ်အစိုးရ၏ အခြားယုံကြည်ချက်တရပ်ကား၊ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်နိုင်သည့် အချက်ဖြစ်ပေသည်။ မိမိတို့တွင် နယူးကလီးလက်နက်ရှိခြင်းအားဖြင့် အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံတို့၏ ကျူးကျော်မှုကို ဟန့်တားနိုင်မည် ဖြစ်ပေသည်။

    နယူးကလီးယားလက်နက် အင်အားထုတ်လုပ်ရန် ကုန်ကျစရိတ်များကိုမူ၊ မြန်မာနိုင်ငံမှ ပြည်သူများ ခါးစည်းခံရဦးမည်ဖြစ်ပြီး၊ တိုင်ရင်းသားဒေသမှ သဘာဝအရင်းအမြစ်များမှာလည်း အကြီးအကျယ်ရောင်းချခံ ရဦးဖြစ်ကြောင်း တင်ပြလိုက်လေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts